27.12.13

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် တွေ့ဆုံပွဲညီလာခံ စတင်ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ တွေ့ဆုံပွဲညီလာခံကို မန္တလေးမြို့၊ ကျွဲဆည်ကန်၊ ၉ လမ်း၊ ချမ်းမြသာရာရပ်ကွက်၊ သာသန ဝေပုလ္လသျှမ်းကျောင်းတွင် စတင်ကျင်းပနေလျက်ရှိရာ ဒီဇင်လာ ၂၇ မှ ၂၉ ရက်ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ တွေ့ဆုံပွဲ ညီလာခံသို့ မြန်မာပြည်မြောက်ပိုင်း (ကချင်ပြည်နယ်) မှ ရှမ်းနီလူငယ်များလည်း တက်ရောက်နေပြီး ရှမ်းပါတီများနှင့် ရှမ်းအဖွဲ့အစည်း အသီးသီးမှလည်း သ၀ဏ်လွှာများ ပေးပို့ထားကြောင်း သိရှိရသည်။

ဓါတ်ပုံ : ရှမ်းနီသတင်းဌာန
ဧရာဝတီမြစ်ဖျားဆီက

0 comments:

Post a Comment