27.5.15

ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန် ပြည်သူများ သပိတ်မှောက်သင့်ဟု ဘဏ္ဍာရေး ဒုဝန်ကြီးပြော

 
လစာတိုးမြှင့်တိုင်း ကုန်ဈေးနှုန်းများ မြင့်တက်နေ ခြင်းကို ထိန်းချုပ်နိုင်ရန် ပြည်သူ များက ဈေးကြီးကုန်ပစ္စည်းများ ၀ယ်ယူခြင်းမပြုဘဲ သပိတ်မှောက် ပူးပေါင်းပါဝင် ဆောင်ရွက်သင့် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။


‘‘ပြည်သူ့အားကို ယူပြီး ကုန် ဈေးနှုန်းကို မတက်အောင် ထိန်းလို့ရတယ်။ စားသုံးသူအဖွဲ့ဖွဲ့ပြီး ဈေးကြီးတဲ့ ကုန်စည်တွေကို မ၀ယ်ဘဲ သပိတ်မှောက်လို့ရတယ်’’ ဟု မေလ ၂၆ ရက်က နေပြည်တော် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌၎င်းက ပြောကြားသည်။

အချို့စားသောက်ကုန်စည် များတွင် ရောင်းချသူများဘက်က သာမန်ထက် ပို၍ အမြတ်များစွာ ယူထားပြီး ရောင်းချခြင်းဖြစ်သ ဖြင့် ပြည်သူများဘက်က အဆိုပါ ကုန်စည်များကို မ၀ယ်ယူဘဲ သ ပိတ်မှောက်သင့်ကြောင်း ၀န်ကြီး က ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် အ စိုးရ၀န်ထမ်းများအား လစာတိုး မြှင့်ပေးလိုက်သော်လည်း ပြင်ပ ၌ ကုန်ဈေးနှုန်း သိသိသာသာ မြင့်တက်လာခြင်းမရှိကြောင်း ဒု ၀န်ကြီးက ပြောသည်။

ဒုဝန်ကြီးက ကုန်ဈေးနှုန်း များ မြင့်တက်ခြင်းမရှိဟု ပြော သော်လည်း သင်္ကြန်ကာလအပြီး မှ စတင်၍ အခြေခံစားသောက် ကုန် ဆန်၊ ဆီနှင့် အခြား မီးဖို ချောင်သုံး ကုန်စည်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း အိမ်ရှင်မအများစုက ပြောသည်။

‘‘အဓိကကတော့ စား သောက်ကုန်တွေထဲမှာ ဆန်ဈေး အရမ်း တက်သွားတယ်။ သင်္ကြန် ပြီးကတည်းက အခုထိ မကျလာ သေးဘူး’’ ဟု စမ်းချောင်းမြို့နယ် နေအိမ်ရှင်မတစ်ဦးက ပြောသည်။

ကုန်ဈေးနှုန်းများ မြင့်တက် လာရခြင်းမှာ ၀န်ထမ်းများ လစာ တိုးခြင်းအပြင် အခြေခံကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ ကုန် ကျစရိတ် ပိုမိုလာခြင်းနှင့် သွင်း ကုန်ပို့ကုန်လုပ်ငန်းများတွင် အ ချို့အပိုင်းများ၌ အခွန်တိုးမြှင့် ကောက်ခံထားခြင်းတို့ကြောင့်ဖြစ် ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

မေလ ပထမပတ်ကတည်း ကလည်း ကုန်ဈေးနှုန်းများ မြင့် တက်လာခြင်းမှာ ၀ိသမလောဘ သား စီးပွားရေးသမားများကြောင့် ဖြစ်သည်ဟု ဒေါက်တာမောင် မောင်သိမ်းက ရန်ကုန်မြို့တွင် ပြု လုပ်ခဲ့သည့် အခမ်းအနားတစ်ခု၌် ပြောကြားခဲ့ဖူးသည်။
Credit to>>>7 Day Daily

0 comments:

Post a Comment