5.5.15

ဂါဇာတွင် လက်နက်ရှိရော လက်နက်မဲ့ရော တွေ့သမျှ ပစ်သတ်ရန် အစ္စရေး အမိန့်ပေးခဲ့

Gazans
(ဂါဇာ)။ ။ ဂါဇာကမ်းမြောက်တွင် အစ္စရေးတို့နောက်ဆုံး ကျုးကျော်ထားသည့် နေရာများတွင် တွေ့သမျှမည်သည့်ပုဂ္ဂိုလ်မဆို ပစ်သတ်မိန့် ထုတ်ထားကြောင်း အစ္စရေး စစ်သားများက သက်သေထွက်ဆိုထားသည်။


အစ္စရေး အင်န်ဂျီအိုဖြစ်သည့် Breaking the Silence က တင်သွင်းသည့် "ဂါဇာမှာ မည်သို့တိုက်ခိုက်ခဲ့သည်။" ဆိုသည့် စာမျက်နှာ ၂၃၇ မျက်နှာရှိ အစီရင်ခံစာတွင် အစ္စရေး အစ္စရေးစစ်သား ၆၀ ကျော်ထက်မနည်း၏ ထွက်ဆိုပြောကြားချက်များကို ဖော်ပြထားခြင်း ဖြစ်သည်။

"ညွန်ကြားချက်အမိန့်ကတော့ ပစ်သတ်မိန့်ပါပဲ။ လက်နက်ရှိရော လက်နက်မဲ့ရော ဘယ်သူကိုပဲ တွေ့တွေ့ ဘာမှစဉ်းစားစရာမလိုဘူး။ အမိန့်က ရှင်းတယ်။ မျက်စိထဲ မြင်တွေ့လိုက်သူ မည်သူ့ကိုမဆို ပစ်သတ်ပစ်ဖို့ပဲ။"ဟု အစီရင်ခံစာတွင် စစ်သားတစ်ဦး ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။

အခြားစစ်သား တစ်ဦး၏ ပြောကြားချက်တွင်လည်း စစ်ဇုန်မှ တစ်ကီလိုမီတာ အဝေးမှာ ဖုန်းပြောနေတဲ့ ပါလက်စတိုင်းအမျိုးသမီးနှစ်ဦးကိုလည်း အစ္စရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  ယင်းဖြစ်စဉ်တွင် သက်သေပြနေသည်မှာ အဆိုပါ ပစ်သတ်ခံရသည့် အမျိုးသမီးနှစ်ဦးက လက်နက်မဲ့များဖြစ်ခြင်းပင်ဖြစ်သည်။ "ကျွန်တော်တို့လှုပ်ရှားလုပ်ဆောင်တာက သူတို့ကို အကြမ်းဖက်တွေအဖြစ် စာရင်းသွင်းပြီး ပစ်သတ်တာပဲဖြစ်ပါတယ်။"ဟု ယင်းစစ်သားက ပြောသည်။

အစ္စရေးတို့၏ ဂါဇာကမ်းမြောင်သို့ နွေရာသီ သိမ်းပိုက်တိုက်ခိုက်ခြင်းတွင် ပါဝင်ခဲ့သည့် အခြားစစ်သားတစ်ဦးကလည်း " နေရာတိုင်းလိုကို ပစ်ရတယ်။ ခေါင်းပြူလာတဲ့သူမှန်သမျှဟာ အကြမ်းဖက်သမားမို့လို့ပဲလို့ သဘောထားပြီး ပစ်မိန့်ပေးထားတာဖြစ်တယ်။"ဟု ပြောသည်။

ထိုပြင် အစ္စရေးစစ်တင့်ကားများက ကြုံသလို အဆောက်အဦးများကို ပစ်မှတ်ထား ပစ်ခတ်ကြောင်းလည်း စစ်သားတစ်ဦးက ထွက်ဆိုထားသည်။

ယင်းအစီရင်ခံစာတွင် အစ္စရေးစစ်သားများ၏ ထင်ရာစိုင်းလုပ်ဆောင်မှုများ ၁၀၀ ကျော်ထက်မနည်းကို ဥပမာပြ ဖော်ပြထားသည်။

REF : PRESS TV
Credit to >>> Mizzima News

0 comments:

Post a Comment