22.5.15

ရေကူးအသံလွှင့်ရုံတင်ဒါ ဆိုင်းငံ့ရန် အရေးကြီးအဆိုတင်

 ဧက ၉၀ ရှိ ရေကူးအသံလွှင့်စက်ရုံကို ပုဂ္ဂလိက အားလွှဲပြောင်းပေးမည့် ကိစ္စကို  ပြန်လည်သုံးသပ်ပြီး စီမံကိန်းဆောင်ရွက်ရန်သင့်မသင့်ဆုံးဖြတ်နိုင်ရန်အတွက်  ခေတ္တဆိုင်းငံ့ထားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆိုကို မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ယနေ့မေလ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလိုက်သည်။


တင်ဒါစည်းကမ်းချက်များအရ ကုမ္ပဏီ တစ်ခု၊ နှစ်ခုကသာ လုပ်ပိုင်ခွင့်ရစေလိုသည့် သဘောထားပါဝင်နေပြီး နိုင်ငံသားများအတွက် အကျိုးသက်ရောက်မှု နည်းပါးသော ကိစ္စရပ်နှင့် ပွင့်လင်းမြင်သာခြင်း မရှိသဖြင့် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။

အရေးကြီးအဆိုကို လာမည့်ရက်သတ္တပတ်တွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း ရက်အတိအကျ မပြောနိုင်သေးကြောင်း  သိရသည်။
Credit to>>>7Day Daily

0 comments:

Post a Comment