20.5.15

၂၀၁၅ ရွေးကောက်ပွဲ FPTP ရွေးကောက်သည့် စနစ်ကိုသာ ကျင်သုံးမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဠ အတည်ပြု ပြောကြား

၂၀၁၅ ရွေးကောက်ပွဲ FPTP ရွေးကောက်သည့်စနစ်ကိုသာ ကျင်သုံးသွား မည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဠ ဦးတင်အေး ကပြောသည်။


အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး မင်္ဂလာခန်းမတွင် သမ္မတ နှင့်နိုင်ငံရေးပါတီများတွေဆုံပွဲ ဒုတိယပိုင်းတွင် ပြောခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသားလွှတ်တော်တွင် အချိုးကျမဲခွဲဝေသည့်စနစ် (PR) ကျင့်သုံးရေးအတွက် ဆွေးနွေးလျက်ရှိရာတွင် ၂၀၁၅ ရွေးကောက်ပွဲ ကျင့်သုံးနိုင်ရန်ပြဠာန်းခြင်း ရှိမရှိ ဧပြီးလကုန် မတိုင်ခင် ဆောင်ရွက်ခြင်းမေးမြန်း ထားရာတွင် ဆွေးနွေးစဲအဆင့်သာ ရှိသေးသည့်အတွက် ယခုကဲ့သို မဲအနိုင်ရသူသာယူစနစ် (FPTP) ကိုသာ ကျင့်သုံးရခြင်းဖြစ်ကြောင်း သိရသည်။

ဦးတင်အေးက "ပြည်သူလွှတ်တော်ကော အမျိုးသားလွှတ်တော်ကော တိုင်းဒေသနဲ့ပြည်နယ်လွှတ်တ်ာမှာ ကောမှာ ကော ကျွန်တော်ရဲ့ရွေးကောက်ပွဲ စနစ်က FPTP ဖြစ်တယ်။ အမျိုးသားလွှတ်တော် မှာ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကြမ်း တစ်ခုဆွေးနွေးဆြဲဖစ်တယ်။ ဧပြီလ ထဲမှာ ကျွန်တော်စာတစ်စောင်ရေးသေးတယ်။ ဧပြီလကုန်မှာ မဆုံးဖြတ်ဘူး ဆိုရင် ကျနော်မလုပ်ပေးနိုင်ဘူးပြောခဲ့ပါတယ်။ အဲ့ဒါကို ၂၀၁၃ ထဲက သတိပေးခဲ့ပါတယ်။ ၂၀၁၄မှာ ပြဠာန်းပြီး ၂၀၁၅ မှာ ကျင့်သုံးမယ်ပြော ပါတယ်။ ဒါပေမယ့် အခုဧပြီလကုန်အထိ အကြောင်းမလုပ်ဖြစ်ကျဘူး။ ဒီအတွက် မဆုံးဖြတ်နိုင်တဲ့ အတွက် နောင်ရွေးကောက်ပွဲ မှာ ဖြစ်ပေါ် ကျင့်သုံး ပါလိုပြောခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော် အမျိုးသား လွှတ်တော် ပြည်သူလွှတ်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် တိုင်းရင်းသားဒေသတွေမှာ နိုင်သူအကုန်သာယူ FPTP (First-Past-The-Post) စနစ်ကို ကျင့်သုံးသွား ကျင်းပပေးသွား မယ်ပြော လိုပါတယ်" ဟုပြောသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက်ပြည်ထောင်စု အဆင့် အထွေထွေရွေးကောက်ပွဲ အား အောက်တိုဘာလကုန်နှင့်နိုဝင်ဘာ ပထမ အပတ်အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကျင်းပမည့် ရက်မတိုင်မီ ၁၅ ရက်အလိုတွင် မဲဆန္ဒနယ်များကိုကြေငြာသွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကျင်းပရာတွင် လည်း တိုင်းရင်းသား မဲဆန္ဒများနယ်များအတွက် လူဝင်မှုကြီးကြပ်ရေး မှ ကြေငြာသည့် တိုင်းရင်းသား သန်ခေါင်စာရင်းကို ကြည့်ကာ တိုင်းရင်းများရှိသည့် အရေအတွက် ကိုကြည်ကာ မဲဆန္ဒနယ်များကို သတ်မှတ်သွား မည်ဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။
Credit to>>>Myanmar International News

0 comments:

Post a Comment