15.5.15

"၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အသင်း တရုတ်နှင့် ထိုင်းသို့ သွားရောက် ခြေစမ်းမည်"

၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွား ရောက်၍ လေ့ကျင့် ခြေစမ်းပွဲများ ကစား သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့ လက်ရွေးစင် အသင်းမှာ ဇွန်လအတွင်း ကျင်းပတော့မည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်ခင် ယခုလ ၁၇ ရက်နေ့မှ ၃ဝ ရက်နေ့ အထိ တရုတ်နိုင်ငံ သို့ သွားရောက် ၍ ခြေစမ်းပွဲ သုံးပွဲ ကစား သွားမည် ဖြစ်ကာ ယင်းမှ တစ်ဆင့် ထိုင်းနိုင်ငံ သို့ သွားရောက်မည် ဖြစ်သည်။

ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာ့ လက်ရွေးစင် အသင်းမှာ ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲဦးထွက် ပွဲစဉ်အဖြစ် ဇွန် ၁၁ ရက်နေ့တွင် လာအို အသင်းနှင့် အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အသင်း မှာ ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် အာရှဇုန် အုပ်စု (G) တွင် အာရှ ထိပ်သီး တောင်ကိုရီးယား၊ ကူဝိတ်၊ ဘက်ဘနွန်၊ လာအိုအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိသည်။

ဇွန်လ ၁၆ ရက်နေ့တွင် ဘန်ကောက်မြို့၌ တောင်ကိုရီးယား အသင်းနှင့် ယှဉ်ပြိုင် ရမည်ဖြစ်ကာ စက်တင်ဘာ ၃ ရက်နေ့တွင် ကူဝိတ် အသင်းနှင့် အဝေးကွင်း ၊ အောက်တိုဘာ ၈ ရက်နေ့ တွင် လက်ဘနွန် အသင်းနှင့် အိမ်ကွင်း အဖြစ် ပထမ အကျော့ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှ)ဇုန် ပွဲစဉ်များသည် ၂ဝ၁၉ ခုနှစ် အာရှဖလား ပြိုင်ပွဲဝင်ခွင့် အတွက် လည်း အကျုံးဝင်သော ပွဲစဉ်များ လည်း ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က နိုင်ငံတကာ ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ဖြင့် အောင်မြင်မှုရရှိအောင်ကြိုးစား ကြရန်နှင့် စည်းကမ်းပိုင်း ဆိုင်ရာ များလည်း အားနည်းချက် များ မဖြစ်စေရန် ဂရုစိုက် ပြုပြင်ကြရန် လိုအပ်ကြောင်း မေ ၉ ရက်နေ့က နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ ဘောလုံးအဖွဲ့ချုပ် စာနယ် ဇင်း ရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။
Credit to>>>Popular Myanmar News Journal

0 comments:

Post a Comment