3.6.16

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရန် ကမ္ဘာ့ဘဏ် ခန့်မှန်း

ယမန်နှစ် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံ အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျခဲ့ သော်လည်း ယခုဘဏ္ဍာနှစ်တွင်မူ ပြန်လည်တိုးတက်လာရန်ရှိပြီး ၇ ဒသမ၈ရာခိုင်နှုန်းသို့ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်ကထုတ်ပြန်လိုက်သည်။

နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ၈ ဒသမ ၅ ရာခိုင်နှုန်း
အထိရှိသည်။ ၂၀၁၅ ခုနှစ် နှစ်လယ် အတွင်းကမူ ရေကြီးရေလျှံမှုများကြောင့် ၇ ရာခိုင်နှုန်းသို့
ကျဆင်းသွားခဲ့သည်။ သို့သော် ရေကြီးရေလျှံခြင်းသည် အခြားသော သဘာဝ ဘေးများကဲ့သို့
မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်ပစိဖိတ်ဒေသ၊ မက်ခရိုဘဏ္ဍာ ရေးလုပ်ငန်းများ
ဆိုင်ရာ မန်နေဂျာ Mathew Verghis က ပြောသည်။
"နိုင်ငံတကာ အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင် ရေကြီးရေလျှံမှုတွေက တခြား
သဘာဝဘေးတွေနဲ့မတူပါဘူး။ ရေကြီးရေလျှံ မှုကနေ နောက်တစ်နှစ်ကျရင် စီးပွားရေးက
ပိုပြီးတော့တောင် ကောင်းလာတာတွေ့မြင်ရ ပါတယ်။ ငလျင်တို့ ဘာတို့ကျတော့ အဲဒီလို
မဟုတ်ဘူးပေါ့။ ရေကြီးတာကတော့ ပိုပြီး ကောင်းလာသလိုပဲ" ဟု နေပြည်တော်ရှိ
ဟီလ်တန်ဟိုတယ်တွင် မေ ၃၁ ရက်က ပြုလုပ်သော မြန်မာ့စီးပွားရေးစောင့်ကြည့်
အစီရင်ခံစာထုတ်ပြန်သည့် အခမ်းအနား အပြီး မီဒီယာများကို ပြောသည်။
နိုင်ငံ့စီးပွားရေး ထိုမျှအထိတိုးတက်ရန် မျှော်မှန်းထားခြင်းသည် သဘာဝဘေးဒဏ်
ခံစားခဲ့ရသော ဒေသများတွင် လမ်းပန်း ဆက်သွယ်ရေးကဲ့သို့သော ပြန်လည်ထူထောင်
ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ ပြည်တွင်းထုတ်လုပ်မှုများ ပြန်လည်မြင့်မား လာနိုင်ခြင်း၊
ရွေးကောက်ပွဲပြီးသည့်နောက်အစိုးရသစ်လက်ထက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးတက်
လာနိုင်ခြင်းတို့ကြောင့်လည်းဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရေကြီးရေလျှံမှု သာမက နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့် နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများလည်း လျော့ကျခဲ့သည်။
နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော သဘာဝ ဓာတ်ငွေနှင့် ရေနံဈေးနှုန်းများကျဆင်းခဲ့ခြင်း ကလည်း နိုင်ငံ့ဝင်ငွေကို လျော့နည်းစေခဲ့ ကြောင်း အစီရင်ခံစာကဆိုသည်။ ယခင်နှစ်
ပထမကိုးလတာအတွင်းကို အလားတူကာလ ရှေ့နစ် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်
ပါက ပို့ကုန်တန်ဖိုးသည် ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ထိုကျဆင်းမှုကြောင့်
ကုန်သွယ်မှုလိုငွေကို ပိုမိုကြီးထွားစေခဲ့ကာ ငွေလဲ နှုန်းအပေါ်တွင်လည်း ဖိအားဖြစ်စေခဲ့
သည်။ "၂၀၁၅ ခုနှစ်၊ အောက်တိုဘာတွင် ငွေကြေး ဖောင်းပွမှုရာခိုင်နှုန်း လျင်မြန်စွာတက်ခဲ့ပြီး
အမြင့်ဆုံး ၁၆ ရာခိုင်နှုန်းရောက်ရှိခဲ့ခြင်းနှင့် နိုင်ငံရေးအပြောင်းအလဲတို့က ရင်းနှီးမြှုပ်နှံမှု
အသစ်များကို အရှိန်လျော့စေခဲ့သည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည် ယမန်နှစ်က လျော့ကျသွားခဲ့သော်လည်း
အပြောင်းအလဲနှင့် ဖွံ့ဖြိုးရေးအတွက် အင်အားကောင်းသော မောင်းနှင်အားတစ်ခု အဖြစ်
တည်ရှိနေသေးကြောင်း ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Abdoulaye Seck က
ပြောကြားသည်။ "အစိုးရသစ်က ယခုဆောင်ရွက်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ မက်ခရို
စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ ဆက်လက်အာရုံစိုက်မယ်ဆိုရင် ဖွံ့ဖြိုး တိုးတက်ဖို့
အလားအလာကောင်းပါတယ်"ဟု ၎င်းကပြောသည်။ ထို့ပြင် စိုက်ပျိုးရေး ကဏ္ဍသည် ကာလ
တိုအတွင်း ပြန်လည်ဦးမော့လာပြီး ရင်းနှီးမြှုပ်နှံသူများ၏ ၀န်ဆောင်မှု လိုအပ်ချက်၊ အခြေခံ
အဆောက်အအုံ တည်ဆောက်မှုများသည် တိုးတက်မှုအတွက် အဓိကမောင်းနှင်အားများ
ဖြစ်လာရန်လည်း မျှော်လင့်ထားသည်ဟု ၎င်းကဆိုသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းကလည်း အစိုးရ
သစ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ ဖြင့်
ဆက်လက်ကြိုးစား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ရသင့်
ရထိုက်သည့် အခွန်ဝင်ငွေများ ရရှိရေး ကြိုးစား သွားမည်ဖြစ်ရာ နေရာစုံက အခွန်ငွေများ ရရှိရန် ဆောင်ရွက်မည်ဟုဆိုသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် တောင်သူများကို
စိုက်ပျိုးစရိတ်ချေးရန် လိုအပ်သည့်ကျပ်ငွေ ၅၀၀ ဘီလျံကို ရိုက်ထုတ် ရမည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာနိုင်ခြင်းနှင့် တိုင်းပြည်၏ စီးပွား
ရေးအပေါ် ရိုက်ခတ်မှုရှိနိုင်၊ မရှိနိုင်နှင့် ပတ်သက်သည့် မေးခွန်းနှင့်ပတ်သက်၍မူ "ဒီဟာက
သုံးတဲ့အပေါ်မှာ ကောင်းသလား၊ ဆိုးသလားဆိုတာက ပိုပြီးအဓိကကျပါတယ်။ လယ်သမားတွေကို
ချေးတာဆိုတော့ သူတို့ အတွက် မျိုးကောင်းမျိုးသန့်တွေ၊ မြေဩဇာနဲ့ တခြားလိုအပ်တာတွေ
ထည့်မယ်ဆိုရင် တော့ ပိုကောင်းတာပေါ့" ဟု Mathew Verghis က ပြောကြားသွားခဲ့သည်။
Credit To >>> The Myanmar Times

0 comments:

Post a Comment