6.3.14

ကေအိုင်အေလက်မှလွတ်မြောက်လာသူမြစ်ကြီးနားသို့ရောက်

6.3.2014

ကေအိုင်အေတပ်ဖွဲ့၏ ဖမ်းဆီးခံတပ်သားအဖြစ်မှ ပြီး ခဲ့သည့်ဖေဖော်ဝါရီ ၁ဝ ရက် က ထွက်ပြေးလွတ်မြောက် လာခဲ့သည့် အသက် (၂၆)နှစ် အရွယ် ကိုဘိုဘိုထွန်းသည် ယမန်နေ့တွင် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်ရှိ ဓမ္မ ရက္ခိတဝန်းသိုကျောင်းတိုက်သို့ ရောက်ရှိလာရာ ကချင်ပြည် နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ကလိုအပ်သည်များကို ကူညီ ပံ့ပိုးပေးခဲ့ကြောင်း ရှမ်းမျိုးနွယ် စုရေးရာအဖွဲ့ဝင် ဦးစိုင်းခင် မောင်အေးကပြောသည်။

ကချင်ပြည်နယ် ဖားကန့် မြို့နယ် နန့်ယားကျေးရွာနေ မောင်ဘိုဘိုထွန်း မှတ်ပုံတင် အမှတ်၁/ကမန(နိုင်)ဝဝဝ၇၂၇ သည်၂ဝ၁၂ခုနှစ်အောက်တိုဘာ ၂၉ရက်က နန့်ယားကျေးရွာ အတွင်း ည ၉ နာရီခန့်တွင် ကေအိုင်အေ(MHH) အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရ သည်။

မောင်ဘိုဘိုထွန်းသည် နန့်ယားကျေးရွာလယ်တော သို့ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁ဝ ရက်တွင် ရောက်ရှိပုန်းခိုရှောင် တိမ်းနေပြီး ၄င်းဆွေမျိုးများနှင့် ဆက်သွယ်ခဲ့သည်

The Union Daily

0 comments:

Post a Comment