6.3.14

Ooredoo Myanmar ရဲ့ 3G ကွန်ရက် စမ်းသပ်အောင်မြင်


၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ပြီးခဲ့တဲ့ ရက်အနည်းငယ်ခန့်က မြန်မာဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခွင့်ရရှိထားသော ooredoo ကုမ္ပဏီသည် ပထမဆုံး အဆင့် ကွန်ရင်ချိတ်ဆက်ခြင်း နည်းပညာ တစ်ခု ဖြစ်သည့် 3G ကွန်ရက်ကို အောင်အောင်မြင်မြင် စမ်းသပ်နိင်ခဲ့တယ်လို့ သိရပါတယ်။ ထို 3G ကွန်ရက်ဟာဆိုရင် အသံပိုင်းဆိုင်ရာ ၀န်ဆောင်မူများတွင် ကြည်လင်ပြတ်သားမြန်ဆန်မူများနဲ့ လျှင်မြန်သော စာတိုပို့ခြင်းတို့ကိုရရှိနိင်ပြီး
ဖုန်းအသုံးပြုမူကို ပိုမိုကာ မြန်ဆန်တိကျကောင်းမွန်စေတဲ့ ၀န်ဆောင်မူ တစ်ခုဖြစ်ပါတယ်။ ooredoo ရဲ့ မြန်မာပြည်ဆိုင်ရာ ဗဟိုရုံးချူပ်ဖြစ်သော
MICT park နဲ့ အနီးပတ်ဝန်းကျင်တွင် စမ်းသပ်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ooredoo

အူးရီးဒူး ကုမ္ပဏီဟာဆိုရင် ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသနဲ့ အရှေ့တောင်အာရှဒေသများတွင် မိုဘိုင်းဖုန်းနဲ့ အင်တာနက်လိုင်း စနစ်များကို ၀န်ဆောင်မူ ပေးလျက်ရှိသော အောင်မြင်လျက်ရှိသော ဆက်သွယ်ရေးကုမ္ပဏီ တစ်ခု ဖြစ်ပြီး ကမ္ဘာ့နဲ့ အ၀န်း လူထု အကျိုးပြု
လုပ်ဆောင်မူများကို ရှေးရူလျက်ရှိသော ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိင်ငံတွင်း ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင် ကာ တယ်လီကွန်လိုင်စင်ကို ရရှိပြီးသည့်နဲ့ မြန်မာပြည်သူတို့၏ဒေသတွင်း
ဆက်သွယ်ရေးများကို ပိုမို အဆင်ပြေချောမွတ်စေဖို့ အဆင်ကြိုးစားလျက်ရှိပြီး မြန်မာ အသိုင်းအ၀န်းတို့၏ အရေးပါသော အစိတ်ပိုင်းတစ်ခု အဖြစ် ဖြစ်လာဖို့ ကြိုးစားလျက်ရှိကြောင်းကို တွေ့ရပါတယ်။

Ref:Smart Pro Journal
Myanmar Mobile App Store

0 comments:

Post a Comment