6.3.14

ကူမင်းအကြမ်းဖက်မှုကိုရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်


6-3-2014

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရက ယခုလ ၁ ရက်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းဘူတာရုံ၌ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြင်းထန်စွာရှုတ်ချကြောင်း၊ တိုက်ခိုက်ခံရသူများနှင့်မိသားစုများအတွက်အထူးဝမ်းနည်းကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့နှင့်အတူ နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။


တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ ရှင်ကျန်းပြည်နယ်ခွဲထွက်ရေးအတွက်ကြိုးစားနေသော ခွဲထွက်ရေးသမားများဟု ယူဆရသူများ၏တိုက်ခိုက်မှုကြောင့် ၂၉ ဦးသေဆုံးခဲ့သည်ဟု တရုတ်အစိုးရကသတင်းထုတ်ပြန်ခဲ့သည်။
တရုတ်အစိုးရမှထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ကူမင်းမြို့ရှိဘူတာရုံတစ်ခု၌ ရှင်ကျန်းပြည်နယ်ခွဲထွက်ရေးသမားများဟုယူဆ ရသူများသည် အနက်ရောင်ဝတ်စုံများဝတ်ဆင်ကာ ဘူတာရုံအတွင်းရှိ တွေ့ရာလူများကို ဓားဖြင့်ထိုးနှက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ၂၉ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၃ဝ ရှိကြောင်း၊ ကူမင်းပြည်နယ်အစိုးရသည် အဆိုပါတိုက်ခိုက်မှုကို ရှင်ကျန်းပြည်နယ် ခွဲထွက်ရေးသမားများကဆောင်ရွက်ခဲ့သည်ဟုယူဆနိုင်သည့် သက်သေများရရှိထားကြောင်း ဖော်ပြခဲ့သည်။ အကြမ်းဖက်မှုကျူးလွန်သူများကို တာဝန်ကျလုံခြုံရေးများက ပစ်ခတ်တားဆီးခဲ့ရာတွင် အကြမ်းဖက်သမားလေးဦးကိုအသေဖမ်းဆီးနိုင်ခဲ့သည်ဟု ဆင်ဟွာကဖော်ပြသည်။

The Union Daily

0 comments:

Post a Comment