6.3.14

အကြမ်းဖက်မှုများ ပိုဖြစ်ပွားလာမည်ကို ထိုင်းအစိုးရ စိုးရိမ်



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားခြင်းအား အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲများ လုံးဝ ပြီးဆုံးသွားသည်အထိ သက်တမ်းတိုးနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကာ ဆန္ဒပြမှုများ လျော့ကျသွားသော်လည်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာမည်ကို သူ့အနေဖြင့် စိုးရိမ်နေကြောင်းလည်း ပြောခဲ့သည်ဟု မတ်လ ၅ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


ဝန်ကြီးချုပ်ယင်လပ်အား ဖြုတ်ချရန် ရည်ရွယ်သည့် ဆန္ဒပြမှုများမှာ ငါးလအတွင်းသို့ ၀င်ရောက်လာခဲ့ပြီ ဖြစ်သော်လည်း ကျန်ရှိနေသေးသော ဆန္ဒပြသူများသည် လွန်ခဲ့သော စနေ၊ တနင်္ဂနွေနေ့များတွင် ကြီးမား သော သပိတ်စခန်း အများအပြားကို ပိတ်သိမ်းခဲ့ကာ ဘန်ကောက်မြို့လယ်ရှိ ဥယျာဉ်တစ်ခုသို့ ရွှေ့ပြောင်း ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် ယခုအခါ အဓိက အတိုက်အခံပါတီဖြစ်နေသည့် ဒီမိုကရက်ပါတီ အာဏာရရှိစဉ်က ဒုတိယ ၀န်ကြီးချုပ် ဖြစ်ခဲ့သူဆူတက်က ဆန္ဒပြပွဲများကို ဦးဆောင်လျက်ရှိသည်။

Mizzima - News in Burmese

0 comments:

Post a Comment