6.3.14

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုသဘောထား ကောက်ခံမည်

၆.၃.၂၀၁၄၊ ကြာသပတေးနေ့

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ ဆန္ဒသဘော ထားများကို နိုင်ကျဉ်းဟောင်းများက ကောက်ခံသွားမည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ နာယကဆရာတော်၊ ရွှေဝါရောင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးပဏ္ဍ၀ံသက မတ် ၅ ရက်တွင် မဇ္ဈိမ ကို မိန့်သည်။

ဆန္ဒသဘောထား ကောက်ခံရာတွင် လက်မှတ် ၁၅ သိန်းကျော် ကောက်ခံသွားမည်ဖြစ်ကာ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် အများစုက ပြင်ပေးလိုသော ပုဒ်မများဖြစ်သည့် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ)၊ (ဃ) တို့ကို ပယ်ဖျက်ပေးရန် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ သဘောထားလက်မှတ်များကို ကောက်ယူသွား မည်ဖြစ်သည်။ ယင်းလက်မှတ်များကို မတ်လအတွင်းတွင် စတင်ကောက်ယူသွားမည် ဖြစ်သည်။

ဆရာတော်ဦးပဏ္ဍ၀ံသက “ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်မှရမယ်၊ မပြင်ရင် မြန်မာပြည်ဒီမိုကရေစီအစစ် အမှန်ရမှာ မဟုတ်ဘူး၊ ဖွဲ့စည်းပုံမပြင်ရင် အစိုးရက လူထုအသံနားမထောင်ဘဲ သူ့သဘောသူ ဆောင်ပြီး ဆက်သွားနေဦးမှာပဲ။ အစိုးရ၊ လွှတ်တော်ကို တွန်းအားပေးတဲ့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးက ပြင်ဆင် လိုတဲ့ ပြည်သူ့သဘောထားကို ရယူသွားမှာ”ဟု မိန့်ကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် လူထု၏သဘောထားလက်မှတ် ၁၅ သိန်းကျော် ကောက်ယူ ရေးကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကောက် ယူမည့်ပုံစံများကို ရိုက်နှိပ်ရန် ကုန်ကျစရိတ်ကို ၁၉၇၄- ၇၅ နိုင်ငံရေးအကျဉ်းသားအဖွဲ့ဝင်တချို့က ငွေ ကြေးထောက်ပံ့ပေးခဲ့သည်ဟုလည်း ဆရာတော်ဦးပဏ္ဍ၀ံသက ဆက်လက် မိန့်ကြားသည်။

ဖွဲ့စည်းပုံကို ပြင်ဆင်မှုမရှိမချင်း လွှတ်တော်သို့ လက်မှတ်များ ကောက်ယူပေးပို့သွားမည်ဖြစ်သည်ဟု လည်း ဦးကိုကိုလေးက ဆိုသည်။

Mizzima

0 comments:

Post a Comment