27.11.14

ဥရောပတွင် စီးပွားရေး ကျဆင်းမှုနှင့် စပ်လျဉ်း၍ ဂျာမနီ ဝန်ကြီးချုပ် မာကယ် သတိပေး ပြောကြား

ဥရောပနိုင်ငံများ အတွင်း၌ စီးပွားရေး အခြေအနေမှာ ပြန်လည် ကျဆင်းလာနိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က သတိပေး ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများ အနေဖြင့် တိုးတက် ဖွံ့ဖြိုးနေသော ကမ္ဘာ့ ဈေးကွက်များ၏ နောက်တွင် ကျန်ရစ်ခဲ့ခြင်း မရှိစေရန်အတွက် စီးပွားရေးဆိုင်ရာ မူဝါဒများ ပြန်လည် သုံးသပ်ခြင်းကို အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဥရောပစီးပွားရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲ တစ်ခု တွင်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့ဖြင့် ချုပ်ဆိုရန် လုပ်ဆောင်လျက်ရှိသော ကုန်သွယ်ရေးစာချုပ် ဆိုင် ရာ စေ့စပ်ဆွေးနွေး မှုများကိုလည်း အမြန်ဆုံး အပြီးသတ် လုပ်ဆောင်ရန် ဥရောပနိုင်ငံများအား သူမက တောင်း ဆိုခဲ့သည်။

မြ၀တီ

0 comments:

Post a Comment