27.11.14

MH 17 လေယာဉ် ပစ်ချခံရမှု စုံစမ်း စစ်ဆေးရေး တစ်နှစ်ခန့် ကြာနိုင် ဖွယ်ရှိ

မလေးရှား လေကြောင်း လိုင်းခရီးစဉ် MH 17 ပစ်ချခံ ရမှုတွင် တရားဥပဒေ အရ ဆောင်ရွက် ရန်နှင့် လိုအပ်သော သက်သေ အထောက်အထားများ ရှာဖွေရန်  နိုင်ငံတကာစုံစမ်း စစ်ဆေးရေးအဖွဲ့အနေဖြင့် တစ်နှစ်ခန့် အချိန်ယူရ နိုင်ဖွယ်ရှိသည်ဟု မလေးရှား လွှတ်တော်အမတ် ဒေ ၀မ်ရာကရက်က နိုဝင်ဘာလ ၂၅ရက်နေ့တွင် ပြောကြားခဲ့သည်။

လွှတ်တော်တွင် ဆွေးနွေး အပြီးတွင် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဟာမက် ဇိုင်နူဒင်က မိမိ တို့အနေဖြင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ရှင်းလင်းသော သက်သေ အထောက်အထားများ ရရှိရန် တစ်နှစ်ခန့် အချိန်ပေး ရနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

MH 17 လေယာဉ်ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးနေသည့် တိုးတက်မှု အခြေအနေကို ပြောကြားရာတွင် ပျက်ကျ သွားသော လေယာဉ်၏ အပိုင်း အစ များကိုပျက် ကျသည့် နေရာမှ မကြာသေးမီက ဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း တာဝန်ရှိသူများကို ထုတ်ဖော် ပြောကြားရန် စောလွန်းနေသေးသည်ဟု ၎င်းက ပြောကြား သည်။

MH 17 လေယာဉ် သည် အမ်စတာ ဒမ်မြို့မှ ကွာလာ လမ်ပူသို့ ပျံသန်း လာစဉ်တွင် ဇူလိုင်လ ၁၇ ရက်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချခံခဲ့ ရခြင်းဖြစ် သည်။ ယင်းလေယာဉ်ပေါ်တွင် ခရီးသည် ၂၈၃ ဦးနှင့် လေယာဉ် လုပ်သား ၁၅ ဦး ပါဝင်သွား ခဲ့သည်ဟုဆိုသည်။ ၄င်းလေယာဉ်ပေါ်တွင် မလေးရှား လူမျိုးများ သာမက နယ်သာလန်၊ သြစတေးလျ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ ဂျာမဏီ၊ ဘယ်ဂျီယံ၊ ဖိလစ်ပိုင်၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံမှ ခရီးသည်များ ပါဝင်သွားခဲ့သည်။

Ref: AFP

0 comments:

Post a Comment