24.11.14

အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် အီတလီနိုင်ငံသား ၄ ဦးကို သူတော်စင်ဘွဲ့ အပ်နှင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အိန္ဒိယနိုင်ငံသား ၂ ယောက်နဲ့ အီတလီနိုင်ငံသား ၄ ယောက်ကို သူတို့ရဲ့ ဆင်းရဲသားတွေကို ကူညီရေး ဖန်တီးနိုင်စွမ်းရှိတဲ့ လုပ်ဆောင်ချက်တွေ ကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့က သူတော်စင်ဘွဲ့ အပ်နှင်းလိုက်ပါတယ်။

Popအိန္ဒိယနိုင်ငံ ကယ်လာရာပြည်နယ်က ခရစ်ယာန်သီလရှင်တပါး၊ အိန္ဒိယသင်းအုပ်ဆရာ တယောက်၊ ဗီယာဇင်ဆာသင်းအုပ်ဆရာဟောင်းနဲ့ ဖရန်စစ်စကန်အဖွဲ့ဝင် ၃ ယောက်ကို ကက်သလစ်သူတော်စင် စာရင်းထဲမှာ ထပ်ဖြည့်ခဲ့တာပါ။

စိန့်ပီတာဘုရားကျောင်းက အသစ်စက်စက် သူတော်စင်ခန့်အပ်ပွဲကို ဒေသခံ အစိုးရ ၂ ရပ်က ဝန်ကြီးတွေနဲ့ ကယ်ရာလာနယ်သား ကက်သလစ်ခရစ်ယာန်အယောက် ၅ ထောင်လောက် တက်ရောက်ခဲ့တယ်လို့ အာရှကက်သလစ်အသင်းချုပ်ရဲ့ သတင်းက ဆိုပါတယ်။

ကာမယ်လိုက် အသင်းတော်ရဲ့ သီလရှင် ယူဖရာစီယာဟာ မဟာဆန်တဲ့မိသားစုကနေ ၁၈၇၇ ခုနှစ်က မွေးဖွားလာပြီး အသက် ၉ နှစ်အရွယ်မှာ သီလရှင်ဝတ်ခဲ့တာပါ။

သင်းအုပ်ဆရာ ချဗာရာကတော့ ကာမယ်လိုက်အသင်းတော် ၂ ဖွဲ့ကို ၁၉ ရာစုမှာ ထူထောင်ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းတိုင်းမှာ ကိုယ်ပိုင်ကျောင်းရှိရေး အမိန့်ထုတ်ခဲ့သူပါ။
နိုင်ငံခြားသား သာသနာပြုတွေအစား ဒေသခံ သင်းအုပ်ဆရာတွေကို ခရစ်ယာန်ဂိုဏ်းအုပ် အဖြစ် ခန့်အပ်ရေး တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment