25.11.14

အီရန်နျူကလီးယားဆွေးနွေးပွဲအတွက် နောက်ဆုံးအခွင့်အရေး

နှစ်ပေါင်းများစွာ အီရန်နျူက လီးယား သောင်မတင်ရေမကျဖြစ်နေ ခဲ့မှုအတွက် နောက်ဆုံးအခွင့်အရေး အတွက် ဆွေးနွေးမည့် တနင်္လာနေ့ ကို ရောက်ခဲ့ပြီဖြစ်သည်။

အီရန်နှင့် အင်အားကြီးနိုင်ငံများ သဘောတူ ညီချက်တစ်ခုရရှိရန် တွန်းအားပေး ဆွေးနွေးနေကြသည်။ နောက်ထပ် ရက်တိုးမည့်ကိစ္စမှာ စွန့်စားရမှုတစ် ခုဖြစ်လာဖွယ်ရာရှိနေသည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီ အမြဲတမ်းငါးနိုင်ငံနှင့် အပေါင်း တစ်ဂျာမနီနိုင်ငံတို့သည် လပေါင်း များစွာ အီရန်နှင့် တံခါးပိတ်ဆွေး နွေးခဲ့ကြသည်။

ကြားဖြတ်သဘော တူညီချက်တစ်ခုရယူခဲ့ကာ နောက် ဆုံးစာချုပ်တစ်ခုကို ရရှိရန်အတွက် တနင်္လာ(နိုဝင်ဘာ ၂၄) ဂရင်းနစ် စံတော်ချိန် ၂၃ နာရီတွင် ဆွေးနွေး ပွဲအဆုံးသတ်မည်ဖြစ်သည်။

၁၂ နှစ်ကြာသောင်မတင်ရေ မကျဖြစ်နေခဲ့ပြီးနောက် သဘောတူ ညီချက်တစ်ခုရရှိရန်မှာ အီရန်အား အရပ်ဘက် နျူကလီးယားလုပ်ငန်း ကို အရောင်ပြ၍ နျူကလီးယားဗုံး ထုတ်လုပ်မည်ဟု စိုးရိမ်နေကြသည်။ အီရန်က ပြင်းပြင်းထန်ထန် ငြင်း ဆန်၍ မဟုတ်ကြောင်းပြောနေ သည်။

မကြာမီရက်များက သံတမန် ရေးရာအားထုတ်မှုများအဖြစ် အ မေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနှင့် အခြားအင်အားကြီး ဝန် ကြီးများ သဘောတူညီမှုတစ်ခုရရန် ဆွေးနွေးခဲ့ကြသော်လည်း ကွာဟ ချက်များကို ပေါင်းစည်းမိရန် မလုပ် ဆောင်နိုင်ခဲ့ကြပေ။ ယခု အီရန်နှင့် အင်အားကြီးတို့ အချိန်နှင့်အမျှ နာရီ များစွာ ဆွေးနွေးနေကြသည်ဟု အ မေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူက ပြောခဲ့သည်။

''ကျွန်တော်တို့ နောက်ဆုံးအ ချိန်ရောက်ဖို့ ၂၄နာရီအလိုအထိ သဘောတူညီချက် မရသေးပါဘူး''ဟု အရာရှိတစ်ဦးက ပြောခဲ့သည်။ နောက်ထပ် ရက်တိုးမဲ့ကိစ္စကတော့ စဉ်းစားတဲ့ အချက်တစ်ခုဖြစ်ပါသည် ဟု ၄င်းကဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဂျွန်ကယ်ရီသည် အီရန်နိုင်ငံ ခြားရေးဝန်ကြီး ဂျာဗစ်ဇာရစ်ဖ်အား ကြာသပတေးနေ့မှစ၍ ခြောက်ကြိမ် တိုင်တွေ့ဆုံကာ သဘောတူညီချက်ရ ရန် ဆွေးနွေးခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများက တနင်္လာ နေ့တွင် သဘောတူညီမှုရအောင် ကွဲပြားမှုများကို ကြိုးစားတွန်းအား ပေးသွားကြမည်ဟု ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ဖီးလစ်ဟာမွန်းကပြော ခဲ့သည်။

သဘောတူညီချက်မရခဲ့ရင် တော့ ရှေ့ဆက်ဘာလုပ်ရမည်ကို မိမိတို့ရှာကြံသွားကြမည်ဟု ၄င်းက ဆိုသည်။ ခရီးကရှည်လျားခဲ့ပြီး အ လွန်ခက်ခဲရှုပ်ထွေးသော ပြဿနာ တချို့ကို သဘောတူရန် လိုနေသေး ကြောင်း ၄င်းကပြောခဲ့သည်။

အဓိကပြဿနာနှစ်ခုမှာ ယူ ရေနီယံသန့်စင်ရေးနှင့် ပိတ်ဆို့အရေး ယူမှုကိစ္စဖြစ်သည်။

ယူရေနီယံသန့်စင်မှုမှာ စွမ်း အင်ထုတ်နျူကလီးယားအတွက် များ စွာ သန့်စင်မှုမရှိသော ယူရေနီယံသာ လိုအပ်ပြီး ဗုံးလုပ်ရန်မှာ အဆင့်မြင့် သန့်စင်သော ယူရေနီယံလိုအပ်သည် ဟုဆိုသည်။

အီရန်က ယူရေနီယံသန့်စင် စက်အရေအတွက် များစွာထားရှိ ရန်လိုသည်။ အီရန်က နောက်ထပ် ဆောက်လုပ်သည့် ဓာတ်ပေါင်းဖို များအတွက်ဟုဆိုသည်။ အနောက် နိုင်ငံများက ယူရေနီယံသန့်စင်စက် ကို အရေအတွက် အနည်းငယ်သာ ထားရမည်ဟုဆိုသည်။

အီရန်သည် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ပိတ်ဆို့မှု ကြောင့် ထိခိုက်ခံရလျက်ရှိသည်။

AFP   (Democracytoday)

0 comments:

Post a Comment