25.11.14

၉/၁၁ အရေးအခင်းပြီးနောက် ဗြိတိန် လုံခြုံရေး ခြိမ်းခြောက်မှု ရင်ဆိုင်နေရ

ဗြိတိန်ဟာ အမေရိကန်က ၂၀၀၁ စက်တင်ဘာ ၁၁ အရေးအခင်းဖြစ်တည်းက ခုထိ အကြီးဆုံးလုံခြုံရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတယ်လို့ ပြည်ထဲရေးဝန်ကြီး ထရေစာမေက နိုဝင်ဘာ ၂၄ ရက်နေ့က ပြောပါတယ်။

အစိုးရဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို လာမဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ ကြေညာပါတယ်။

နိုင်ငံခြားမှာ တိုက်ခိုက်နေတဲ့ ဗြိတိန်အရေအတွက်က ဗြိတိန်လုံခြုံရေးအတွက် အဓိက ခြိမ်းခြောက်မှုတရပ်အဖြစ် ထင်ရှားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဥပဒေသစ်ဟာ ဗြိတိန်နိုင်ငံသားတွေက အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံခြားကို ခရီးသွားနိုင်စွမ်းကို ကန့်သတ်သွားဖို့ ရည်ရွယ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဥပဒေက တို်က်ခိုက်ဖို့ နိုင်ငံခြားကို ခရီးသွားချင်တဲ့လူတွေအပေါ် အာဏာပိုင်တွေက အရေးယူနိုင်စွမ်းကို ပိုပေးထားတယ်။ ရဲနဲ့ နယ်စပ်တပ်တွေဟာ နိုင်ငံကူးလက်မှတ်တွေနဲ့ ခရီးသွားခွင့်လက်မှတ်တွေကို ရက် ၃၀ ထိ သိမ်းထားခွင့် ရှိတယ်လို့ မေက ပြောပါတယ်။

၂၀၀၅ ခုနှစ်ကနေ ခုထိ အကြမ်းဖက်သမားတွေရဲ့ အကွက် ၄၀ လောက်ကို ကြိုတင် ဟန့်တားနိုင်ခဲ့ပြီးပြီလို့လဲ ဆိုပါတယ်။

ဘယ်လို တိုက်ခိုက်မှုကိုမဆို တားဆီးရေးလှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် ဒီအပတ်ထဲမှာ ရဲတွေက ပြည်သူလူထုကို ဘယ်လို နိုးနိုးကြားကြား နေရမယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment