9.2.16

လွှတ်တော်မှာ သတင်းရယူခွင့် ကန့်သတ်ပိတ်ပင်နေတဲ့အပေါ် MJAနဲ့ MJNက ကန့်ကွက်ကြောင်း စာထုတ်ပြန်ပြီ


လွှတ်တော်မှာ သတင်းရယူနေတဲ့ သတင်းမီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်တဲ့ ညွှန်ကြားချက် ၁ စောင် လွှတ်တော်က ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာတွေ လိုက်နာဖို့ အချက် ၁၇ ချက်ပါဝင်ပါတယ်။ တချို့သော အချက်အလက်များမှာ စည်းကမ်းအတွက် ထုတ်ပြန်ထားတာဖြစ်ပြီး သတင်းမီဒီယာသမားအများစု သဘောမတူကြတာက သတင်းရယူဖို့ နေရာ အတော်များများကို ကန့်သတ်ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်နှင့် လွှတ်တော်သိက္ခာ မကျစေရေး ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြဖို့ ဆိုပြီး ပါဝင်တဲ့ အချက်ကလည်း ယခင်စစ်အစိုးရလက်ထက်က ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်လိုဖြစ်နေတယ်လို့ မီဒီယာသမားတွေက ဆိုပါတယ်။

သတင်းမီဒီယာအဖွဲ့အစည်းတွေကလည်း လွှတ်တော်ရဲ့ သတင်းယူခွင့်ကန့်သတ်ချက်နဲ့ပတ်သက်လို့ ကြေညာချက်တွေ အသီးသီးထုတ်ပြန်လိုက်ကြပြီဖြစ်ပါတယ်။

Credit To >>> Irrawaddy News

0 comments:

Post a Comment