11.2.16

ပြည်ထောင်စုလွှတ်တော်ကော်မတီနှစ်ရပ်ဖွဲ့စည်းရန်အမည်စာရင်းကြေညာ


ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ နဲ့လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းမယ့် လူပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ဖေဖော်ဝါရီ ၁၀ မှာပြုလုပ်တဲ့ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးမှာ နာယကဦးမန်းဝင်းခိုင်သန်းက ဖတ်ကြားခဲ့ပါတယ်။
ကော်မတီနှစ်ခုကို စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးစီနဲ့ဖွဲ့စည်းခဲ့ပါတယ်။
်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ကိုပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ
ဦးအောင်မင်း(ဇလွန်မဲဆန္ဒနယ်)၊
ဦးခင်မောင်သန်း(တောင်ငူမဲဆန္ဒနယ်)၊
ဦးစိုင်းသီဟကျော်(မိုင်းရယ်မဲဆန္ဒနယ်)၊
ဦးလင်းဇော်ထွန်း(မိုင်းဖြတ်မဲဆန္ဒနယ်)
၊ဦးဘိုကြီး(ချောက်မဲဆန္ဒနယ်)
၊ဒေါ်ချိုချိုဝင်း(မော်လိုက်မဲဆန္ဒနယ်)၊
ဗိုလ်မူးချုပ်သန်းလွင်(တပ်မတော်သား) နှင့်
အမျိုးသားလွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီမှ ဦးစောသန်းထွဋ်(ကရင်မဲဆန္ဒနယ်၂)
၊ဒေါက်တာစိုင်းဆိုင်ကျောက်စံ(ရှမ်းမဲဆန္ဒနယ် ၆)၊
ဒေါ်ရွှေရွှေစိန်လတ်(ပဲခူးမဲဆန္ဒနယ်၃)၊
ဒေါ်ထုမေ(ရခိုင်မဲဆန္ဒနယ်၁၁)၊
ဦးသန်းစိုး(ရန်ကုန်မဲဆန္ဒနယ်၎)၊
ဦးဟယ်နီဗန်ကျိယူ(ချင်းမဲဆန္ဒနယ် ၃)၊
ဗိုလ်မူးချုပ်အောင်ဆန်းချစ်(တပ်မတော်သား) တို့နဲ့ပါဝင်ဖွဲ့စည်းမယ်လို့
နာယကက ပြောကြားခဲ့ပါတယ်။
ဒီကော်မတီရဲ့ ဥက္ကဌတာဝန်ကို
ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးအေးသာအောင် ၊
ဒုတိယဥက္ကဌ(၁) အဖြစ်ကရင်ပြည်နယ်မဲဆန္ဒနယ်၂ မှ ဦးစောသန်းထွဋ် ၊ ဒုတိယဥက္ကဌ (၂) အဖြစ် ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်း ၊
အတွင်းရေးမူးအဖြစ် ရှမ်းမဲဆန္ဒနယ် ၆ မှ ဒေါက်တာစိုင်းဆိုင်ကျောက်စံ ၊
တွဲဘက်အတွင်းရေးမူးအဖြစ် တောင်ငူမဲဆန္ဒနယ်မှ ဦးခင်မောင်သန်းတို့ကို ခန့်အပ်တာဝန်ပေးသွားမယ်လို့ သိရပါတယ်။
ထပ်မံပြီး လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီကို
လည်း တိုင်းဒေသကြီးပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ် ၁၄ ဦး၊
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး
စုစုပေါင်း ၁၅ ဦးနဲ့ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
ဒီကော်မတီကို ဒေါက်တာလှမိုး(အောင်မြေသာဇံမဲဆန္ဒနယ်)၊
ဦးတင်ထွန်းနိုင်(ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်)၊
ဉီးပိုက်ကို(ပခုက္ကူမဲဆန္ဒနယ်)
၊ဦးလင်းလင်းဦး(တနိုင်းမဲဆန္ဒနယ်)
၊ဦးခင်မောင်သိန်း(စစ်ကိုင်းမဲဆန္ဒနယ်)၊
ဦးခင်မောင်သီ(လွိုင်လင်မဲဆန္ဒနယ်)၊
ဦးမိုးထွန်း(ကွမ်ကျိုးမဲဆန္ဒနယ်)၊
ဗိုလ်ချုပ်တောက်ထွန်း(တပ်မတော်သား)၊
ဦးအောင်ကျော်စိုး(ကယားပြည်နယ်မဲဆန္ဒနယ် ၇)၊
ဒေါ်နော်ခရစ္စထွန်း(ကရင်မဲဆန္ဒနယ် ၇)၊
ဦးဖျန်အော(ချင်းမဲဆန္ဒနယ် ၂)၊
ဦးတင်ဝေ(တနင်္သာရီမဲဆန္ဒနယ်၆)
၊ ဒေါ်မြတ်သူဇာထွန်း(မွန်မဲဆန္ဒနယ် ၅)၊
ဦးမန်းထွန်းကြိုင်(ဧရာဝတီမဲဆန္ဒနယ် ၆)၊
ဦးမင်းဦး(ပဲခူးမဲဆန္ဒနယ် ၆) တို့နဲ့ဖွဲ့စည်းမယ်လို့ နာယကကပြောပါတယ်။
ကော်မတီရဲ့ဥက္ကဌ အဖြစ် အောင်မြေသာဇံမဲဆန္ဒနယ်
မှ ဒေါက်တာလှမိုး၊ အတွင်းရေးမူးအဖြစ် ပဲခူးမဲဆန္ဒနယ် ၆မှဦးမင်းဦး တို့ကို တာဝန်ပေးမယ်လို့သိရပါတယ်။
မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ
အဆိုပါကော်မတီနှစ်ရပ်ဖွဲ့စည်းမယ့်ကိစ္စနဲ့ပတ်သတ်ပြီး
လွှတ်တော်ရဲ့သဘောတူညီမှုရယူသွားမှာဖြစ်ပါတယ်။
မနေ့ကကျင်းပခဲ့တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
တင်းသွင်းခဲ့တဲ့ဥပဒေကြမ်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းကိစ္စကိုလည်း
ဒီနေ့ လွှတ်တော်မှာ သဘောထားရယူရာ ကန့်ကွက်သူမရှိတဲ့အတွက်
အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ် ။

Credit To >>>> ပြည်မြန်မာ

0 comments:

Post a Comment