3.2.16

လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲမည်

၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) ဒသမ တန်းစာမေးပွဲကို ယခင်အလွတ်ကျက် ဖြေ ဆိုရမည့်မေးခွန်းအစား စဉ်းစားတွေးခေါ်ရ မည့်မေးခွန်းမျိုး ပြောင်းလဲမေးမြန်းရန် စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘နောက်နှစ်မှာ တက္ကသိုလ် တွေကလည်း ဝင်ခွင့်စာမေးပွဲနဲ့ ဝင်ခွင့်ဖြေရမယ်ဆိုတော့ အခြေခံ ပညာက ကလေးတွေကို တက္က သိုလ်ဝင်တန်းဖြေတဲ့အခါမှာ မေး ခွန်းတွေကို ပြောင်းသွားမယ်။ အရင်လို အလွတ်ကျက်ဖြေရတဲ့ မေးခွန်းမျိုး မဟုတ်တော့ဘဲနဲ့ ဉာဏ်စမ်းတွေပေးပြီး စဉ်းစား တွေးခေါ်ရတဲ့ မေးခွန်းမျိုးကို ပြောင်းမေးမယ်’’ဟု ပညာရေးဝန် ကြီးဌာနမှ အဆင့်မြင့်အရာရှိက ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် စဉ်းစားတွေးခေါ်ရမည့် မေးခွန်း များ ပြောင်းလဲမေးမြန်းမည်ဖြစ်ပြီး သင်ပြနည်းများကို ထူးထူးခြားခြား ပြောင်းလဲမည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘သင်ပြနည်းတွေကတော့ အတူတူပဲ။ ဒါသင်၊ ဒါမေး၊ ဒါ ကျက်ဆိုတာထက် ဒါသင်၊ ဒါ ကျက်ကိုကျော်ပြီး စဉ်းစားတွေး ခေါ်နိုင်ဖို့ ကြိုးစားတာပါ’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်ဝင် (သို့မဟုတ်) ဒသမတန်း စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေးခွန်းတစ်စုံနှင့် ပြည်ပအတွက် မေးခွန်းတစ်စုံကို ပြုစု၍မေးမြန်းခဲ့ခြင်းဖြစ်သည်။

‘‘မေးခွန်းပုံစံကို စဉ်းစားတွေးခေါ်တဲ့ပုံစံမျိုးပြောင်းမယ်ဆိုရင် သင်ကြားမှုနဲ့ တစ်နှစ်တာအတွင်း မှာ အဆင့်ဆင့်အကဲဖြတ်လာတဲ့ ပုံစံကို အရင်ပြောင်းရမယ်။ သင် ကြားမှုကလည်း ဒါတွေကျက်ဆို ပြီး သင်တာမျိုးမဟုတ်ဘဲ ကလေး တွေကို စဉ်းစားတွေးခေါ်နိုင်တာ မျိုးဖြစ်အောင် သင်ရမယ်။ စာမေးပွဲကြီးတစ်ခုထဲမှာပဲမဟုတ်ဘဲ အ ဆင့်ဆင့်လပတ်အလိုက် စစ်လာ တဲ့ စဉ်ဆက်မပြတ်စစ်ဆေးမှုမှာ လည်း ဒီလိုပုံစံနဲ့ စစ်မေးရမယ်။ ဒါဆို ကလေးတွေရဲ့ အရည်အ သွေးက တက်လာမယ်။ အဲဒီလို မဟုတ်ဘဲ ဒီအတိုင်းပဲဆို အောင် မြင်မယ်မထင်ဘူး’’ဟု ရန်ကုန်မြို့ ရှိ ACA ကိုယ်ပိုင်အထက်တန်း ကျောင်း အကြံပေးပညာရှင် ဦးဆန်းဝင်းက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကဏ္ဍမှ အဆင့်မြင့် ပညာကဏ္ဍသို့ ကူးပြောင်းရာတွင် တက္ကသိုလ်ဝင်ရမှတ်ဖြင့် တက္က သိုလ်များကို ဝင်ရောက်ခွင့်ပြု သည့်နည်းလမ်းကို ကျင့်သုံးလျက် ရှိပြီး လာမည့်နှစ်များတွင် ဝင်ခွင့် စာမေးပွဲစနစ်ဖြင့် ရွေးချယ်ခေါ်ယူ သည့်စနစ်ကို ပြောင်းလဲကျင့်သုံး ရန် စီစဉ်လျက်ရှိသည်။

တက္ကသိုလ်ဝင်ခွင့်ရွေးချယ် ရာတွင် ဝင်ခွင့်စာမေးပွဲစနစ်ဖြင့် ရွေးချယ်ခေါ်ယူသည့် စနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရန် အချိန် ယူရဦးမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ရန်ကုန်တက္က သိုလ် စိန်ရတုခန်းမ၌ ၂၀၁၅ မေလ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးမြှင့်တင်မှုအကောင်အ ထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) တွင် ပြောကြားခဲ့သည်။

ယခုနှစ် ၂၀၁၅-၁၆ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဝင်ရောက်ဖြေဆိုရန် လျှောက် ထားသူ ခြောက်သိန်းခုနစ်သောင်း ကျော်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ်လ ၉ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၁၅ တက္ကသိုလ်ဝင်စာမေး ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက် ဖြေဆိုသူ ၅၉၇,၉၄၆ ဦးရှိခဲ့ပြီး ၂၂၄,၈၃၇ ဦး အောင်မြင်ခဲ့ကာ အောင်ချက် ၃၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်း များအရ သိရသည်။


Credit To >>>> 7Day News Journal

0 comments:

Post a Comment