28.11.13

လက်ရှိ ဘောလုံးလောကရဲ့ တန်ကြေးအရှိဆုံး ကစားသမား (၁၀)ဦး

လက်ရှိ ဘောလုံးလောက၏ တန်ကြေးအရှိဆုံး ကစားသမားများအဖြစ် စစ်တမ်းများ ကောက်ယူခဲ့ရာ လာလီဂါ စတား မက်ဆီနှင့် စီရော်နယ်ဒို့က ဦးဆောင်နေသည်။ သို့သော်လည်း ပြောင်းရွေ့ကြေးအမြင့်ဆုံး ဖြစ်သည့် ရီးရဲလ်မက်ဒရစ် ကစားသမား ဘေးလ်မှာ အဆိုပါ ထိပ်တန်း (၁၀)ဦးစာရင်းတွင် ပါဝင်လာခဲ့ခြင်း မရှိပေ။ စစ်တမ်းများ အရ တန်ကြေးအရှိဆုံး ကစားသမား (၁၀)ဦး စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။ 

၁) လီယွန်နယ် မက်ဆီ (ဘာစီလိုနာ၊ အာဂျင်တီးနား) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၁၃၉.၉ သန်း

၂) စီရော်နယ်ဒို (ရီးရဲလ်မက်ဒရစ်၊ ပေါ်တူဂီ) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၁၀၄.၂ သန်း



၃) နေမား (ဘာစီလိုနာ၊ ဘရာဇီး) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၆၇ သန်း

၎) ကာဗာနီ (PSG ဥရုဂွေး ) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၆၃ သန်း

၅) ဖယ်လ်ကာအို (မိုနာကို၊ ကိုလံဘီယာ) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၅၉.၁ သန်း

၆) အိုဇေးလ် (အာဆင်နယ်၊ ဂျာမနီ) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၅၄ သန်း

၇) အင်နီယေစတာ (ဘာစီလိုနာ၊ စပိန်) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၅၃.၇ သန်း

၈) ဂေါ့ဇီ (ဘိုင်ယန်မြူးနစ်၊ ဂျာမနီ) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၄၈.၄ သန်း

၉) ရွန်းနီ (မန်ယူနိုက်တက်၊ အင်္ဂလန်) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၄၈.၂ သန်း

၁၀) ရီဘာရီ (ဘိုင်ယန်မြူးနစ်၊ ပြင်သစ်) ဈေးကွက်တွင်း ပေါက်ဈေး ယူရို ၄၆.၈ သန်း

Written by အောင်ဇော်လတ်(မိုးနဲ)
http://football-cafe.com/

0 comments:

Post a Comment