22.6.16

ကျိုက်ထီးရိုးတွင် အလှူခံကန်ထရိုက်ပေးသည့်စနစ် ပယ်ဖျက်မည်ဟု သူရဦးအောင်ကိုပြော

ကျိုက်ထီးရိုးစေတီတော် အပါအဝင် စေတီတော်အနီး တစ်ဝိုက်ရှိ စေတီများ၊ နေရာများ တွင် အလှူခံ ကန်ထရိုက်ပေး သည့်စနစ်ကို ပယ်ဖျက်မည်ဖြစ် ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြော ကြားသည်။

‘‘တချို့ဟာတွေက အလှူခံ တစ်ပုံးချင်းစီအလိုက်၊ တစ်နေရာချင်းစီအလိုက်ကိုတောင် ကန် ထရိုက်ပေးထားတယ်လို့ ကြားရ ပါတယ်။ အဲဒါတွေကို ပြုပြင်ပယ် ဖျက်သွားမှာဖြစ်ပါတယ်။ တချို့ ကလည်း ဆည်းလည်းတွေလှူ တယ်။ လှူပြီး ပြန်လှည့်တုန်းရှိ သေးတယ်။ ပြန်ဖြုတ်ချပြီး ဗန်းထဲ ပြန်ထည့်တယ်။ အခုတော့ အဲဒီလိုပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တိုင်ကြားချက် တွေ အခုတော့ ဒီမှာရှိနေပါပြီ။ ဒါတွေကို ဘုရားဖူးပြည်သူတွေ စိတ်ချမ်းသာအောင် အတတ်နိုင် ဆုံး ဆောင်ရွက်သွားပါမယ်’’ဟု ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကိုက 7 Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ကျိုက်ထီးရိုး စေတီတော် သည် နိုင်ငံတစ်ဝန်းရှိ ဘုရားဖူး ပြည်သူများအပြင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များပါ လာ ရောက်ဖူးမြော်သည့် စေတီတော် ဖြစ်ကာ စေတီတော်အပါအဝင် အနီးတစ်ဝိုက်နေရာများ၌ ကန် ထရိုက်ပေးထားသဖြင့် ဘုရားဖူး များအား အတင်းအကျပ် အလှူခံ ခြင်း၊ ဘုရားဖူးများ အများအပြား လာရောက်သည့် အချိန်တွင် အခန်းတစ်ခန်းလျှင်  ကျပ် သိန်းဂဏန်းထိ တည်းခိုခပေးရခြင်း၊ စား သောက်စရိတ်များ ကြီးမြင့်ခြင်း အပါအဝင် အခြားစိတ် အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာများရှိနေကြောင်း အင်တာနက် လူမှုကွန်ရက်  စာမျက်နှာများနှင့် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဘုရားဖူး ပြည်သူများ၏ ဝေဖန်မှု များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ ကျိုက်ထီးရိုးစေတီ တော်တွင် ဖြစ်ပေါ်နေသော ကိစ္စ ရပ်များနှင့်ပတ်သက်၍ ပြည်သူ များ စိတ်ကသိကအောင့်ဖြစ်ကာ မနှစ်သက်စေသည့် ကိစ္စရပ်များ အား ပြုပြင်ရန်၊ ပယ်ဖျက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းညွှန်မှု ပေးထားကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြော ကြားသည်။
  ‘‘ဟိုတယ်တွေကလည်း ဘုရားဂေါပကတွေနဲ့ ပေါင်းပြီး တော့ မှိုလိုပေါက်အောင်ဆောက် တဲ့ ကိစ္စပေါ့။  ဒါတွေကို ကိုင် တွယ်သွားဖို့ရှိပါတယ်။ ကျော တစ်ခင်းစာ ဖျာတစ်ချပ်နဲ့ ခေါင်းအုံး တစ်လုံးပေးပြီး တစ်ညကို သုံး ထောင်တို့၊ လေးထောင်တို့၊ ငါး ထောင်တို့ တောင်းတယ်လို့ ကြား ပါတယ်။ တိုင်စာထဲမှာ ပါပါ တယ်။ အဲဒါတွေကို ညှိပြီးတော့ သတင်း  ထုတ်ပြန်ပေးပါမယ်။ အခုတော့ ဒီလောက်ပဲ ဖြေနိုင်လို့ ပါ’’ဟု ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။
ကျိုက်ထီးရိုးစေတီတွင် ဖြစ် ပေါ်ခဲ့သော အထက်ပါကိစ္စရပ် များအပါအဝင် အခြားကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန် ဇွန်လ ၂၇ ရက်၌ နေပြည်တော် သာသ နာရေး ဝန်ကြီးဌာနရုံးတွင် မွန် ပြည်နယ်အစိုးရအဖွဲ့၊ဟိုတယ်နှင့်  ခရီးသွားလာရေး ပြည်ထောင်စု ဝန်ကြီး၊ ကျိုက်ထီးရိုးဂေါပကတို့ ပါဝင်သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment