22.6.16

အာရှဒေသမှာ ခရီးသွားဦးရေ၀င်ရောက်မှုအများဆုံးဖြစ်တဲ့ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းရှေ့အလားအလာအတွက်စိုးရိမ်ပူပန်နေ

ထိုင်းရဲ့ ခရီးသွားလုပ်ငန်းထဲမှာ လာရောက်လည်ပတ်သူ ခရီးသွားဦးရေ
များပြားလာနေခဲ့သလိုလုပ်ငန်းကနေ ရရှိတဲ့ ၀င်ငွေပိုင်းမှာ သိသိသာသာ
တိုးတက်လာနေပေမယ့်လည်း ရှေ့အလားအလာတွေအတွက် စိုးရိမ်
ပူပန်နေရဆဲလို့ ထိုင်းအာဏာပိုင်တွေက ပြောကြားပါတယ်။

စီးပွားရေးဆိုင်ရာ ပြဿနာရပ်တွေ၊ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ နဲ့ ခရီး
သွားတွေက နေရာတစ်ချို့မှာပဲ စုပြုံသွားရောက်လည်ပတ်နေတာမျိုးတွေ
စတာတွေကြောင့် ခရီးသွားလုပ်ငန်းရဲ့ ရှေ့အနာဂတ်အတွက် စိုးရိမ်ပူ
ပန်မှုတွေ ရှိနေရတယ်လို့ ဆိုပါတယ်။
ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ဖြစ်တဲ့ ခရီးသွားလုပ်ငန်းကောင်
စီ TCT က နိုင်ငံမှာရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းရှင်
၆၀၀၊ နိုင်ငံခြား ခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေကို စစ်တမ်းတွေ
ကောက်ယူခဲ့ပြီးတော့ အထက်ပါအတိုင်း သုံးသပ်ထုတ်ပြန်ခဲ့တာ
လည်းဖြစ်ပါတယ်။
စစ်တမ်းအရတော့ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ယခင် ပထမ
သုံးလပတ်ထက်စာရင် ဒုတိယသုံးလပတ်မှာ အနည်းငယ် တိုးတက်မှုတွေ
ပိုရှိလာခဲ့ပေမယ့်လည်း တတိယသုံးလပတ်အတွက် အလားအလာတွေ
ကတော့ သေချာရေရာမှုမရှိသေးဘူးဆိုတာကို တွေ့ရပါတယ်။
အလားတူ ယခုနှစ်တွင်းမှာ ထိုင်းနိုင်ငံကို ခရီးသွားဧည့်သည်လာရောက်
မှုပိုင်းမှာ ယခင်နှစ်ကထက် ၁၃ ဒသမ ၃၅ ရာခိုင်နှုန်း တိုးတက်ပြီးတော့
၃၃ ဒသမ ၈၇ သန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ခရီးသွားလုပ်ငန်း
ကနေ ၀င်ငွေရရှိမှုပိုင်းမှာတော့ ယခုနှစ်အတွင်း ခန့်မှန်းခြေ
ဘတ်ထရီလီယံပေါင်း ၁ ဒသမ ၇၁ ရှိမယ်လို့ မျှော်မှန်းထားပါတယ်။
ဒါပေမယ့်လည်း လက်ရှိ ခရီးသွားလုပ်ငန်းကို အရင်းပြုလုပ်ကိုင်တဲ့
စီးပွားရေးပိုင်းမှာ ပြဿနာရပ်တစ်ချို့ရှိနေသလို၊ ပြိုင်ဆိုင်မှုပြင်းထန်တာ
တွေလည်း ရှိနေပါတယ်။ အလားတူ နိုင်ငံကို အများဆုံးလာရောက်နေတဲ့
ပြည်ပခရီးသွားတွေထဲမှာက နိုင်ငံတစ်နိုင်ငံ၊ အုပ်စုတစ်စုတည်းကပဲ
အများဆုံးဖြစ်နေတာမျိုးတွေ (အထူးသဖြင့် တရုတ်ခရီးသွားများ) ရှိနေ
တယ်လို့ သိရပါတယ်။
အထက်ပါ စစ်တမ်းအရတော့ ပြည်ပနိုင်ငံခြား ခရီးသွားတွေဟာ
ထိုင်းနိုင်ငံကို လာရောက်တဲ့အခါမှာ ကျေနပ်အားရမှု ရှိမှုပိုင်းမှာ
အားနည်းနေပြီး နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေနဲ့
ပတ်သက်ပြီးတော့လည်းစိတ်ကျေနပ်မှု မရှိကြတာကို တွေ့ခဲ့ရတယ်လို့
ဆိုထားပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment