28.4.16

ကြံ့ခိုင်ရေးပါတီ အကြီးအကဲဟောင်းများက ပါတီဝင်များကို ဖဲ့ထုတ်စည်းရုံးမှု သတိပြုရှောင်ရှားရန် ကြံ့ခိုင်ရေးပါတီထုတ်ပြန်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အကြီးအကဲဟောင်းများက ပါတီဝင်များ ဖဲ့ထုတ်စည်းရုံးမှုကို သတိပြုရှောင်ရှားရန်နှင့် ပါတီဝင်များသည် လူပုဂ္ဂိုလ်အပေါ် သစ္စာမခံဘဲ ပါတီအပေါ် သစ္စာခံရန် မကွေးတိုင်းဒေသကြီး ကြံ့ခိုင်းရေးပါတီက ဧပြီလ ၂၇ ရက်နေ့၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်၌ ကြံ့ခိုင်ရေးပါတီဌာနချုပ်၏ ၂၇.၃.၂ဝ၁၆ ရက်စွဲပါ အစည်းအဝေးအရ ပါတီတွင်ဆက်လုပ်ရန် သဘောထားတောင်းခံသည့်အပေါ် ဆန္ဒပြုလွှာပေးပို့ခြင်း မရှိသည်သူများကို ပါတီမှ အနားပေးခဲ့ကြောင်း၊ ထို့အတူ ပါတီခွင့်ပြုချက်မရဘဲ အခြားပါတီအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်သူများအား ပါတီစည်းကမ်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်၌ ပါတီဝင်များနှင့် ခင်မင်ရင်းနှီးမှုရှိခဲ့သည့် ပါတီအကြီးအကဲဟောင်းများက ပါတီဝင်များအား ဖဲ့ထုက်စည်းရုံးခြင်းကို သတိပြုရှောင်ရှားရန်နှင့် မိမိတို့၏အဓိကတာဝန်မှာ ပါတီအပေါ် သစ္စာခံရန်နှင့် လူပုဂ္ဂိုလ်အပေါ် သစ္စာမခံကြရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
မိမိတို့၏ရည်မှန်းချက်မှာ ပါတီအောင်နိုင်ရေးသာဖြစ်ကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကြံ့ခိုင်ရေးပါတီမြို့နယ် အလုပ်အမှုဆောင် ဦးခင်ဇော်က "သူရဦးရွှေမန်းကို ပါတီကထုတ်ပယ်တယ်ဆိုတာကို အောက်ခြေမှာကတော် တော်များများ မသိဘူး။ အင်တာနက်လိုင်းသုံးတဲ့သူတွေ လောက်ဘဲသိကြတာပါ။ လူတိုင်းမသိနိုင်ဘူးလေ။ အဲ့ဒါ ကြောင့် ကိုယ့်ပါတီကို ကြိုတင်ကာကွယ်နိုင်ဖို့ အောက်ခြေကို ညွှန်ကြားချက်ပေးတာဖြစ်တယ်"ဟု ပြောကြားသည်။
ကြံ့ခိုင်ရေးပါတီသည် ဧပြီလ(၂၂)ရက်နေ့၌ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်၌ ပါတီထိပ်ပိုင်းခေါင်း ဆောင်များ အစည်းအဝေးကျင်းပခဲ့ပြီး သူရဦးရွှေမန်းအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်(၁၇)ယောက်ခန့် ထုတ်ပယ်ခဲ့သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment