28.1.14

အမေရိကန်က သရဲခြောက်တဲ့ အိမ်

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား ပြည်နယ် Gary မြို့ က အိမ်တစ်အိမ် မှာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်က မိခင်နဲ့ အသက် ၈ နှစ်အရွယ်၊ ၉ နှစ်အရွယ်၊ ၁၂ နှစ်အရွယ် ကလေး သုံးဦး ပြောင်းရွှေ့ လို့ နေထိုင် ပါတယ်။ မြေအောက်ထပ်အခန်း ကနေ အသံတွေကြားကြားရပြီး အမြဲလိုလို သရဲခြောက်ခံနေရတယ်ဆို တာက တော်တော်ကြာမှ သိလာကြ ပါတယ်။ စုန်း တစ္စေပေါင်း အကောင် ၂၀၀ နဲ့ ပြုစားထားတဲ့ အိမ်ဖြစ်ပြီး ယင်း သားအမိ ၄ ဦးကိုပါ ပြုစား ထားကြောင်း ဆိုပါတယ်။ ညတိုင်း အခြောက်လှန့်ခံ ရပြီး ဖျားနာသွားတဲ့ ကလေးကို ပြုစုဖို့အတွက် သူနာပြု တစ်ယောက် လာနေပါတယ်။ သူနာပြုကိုယ်တိုင်ပဲ သူပြုစုတဲ့ ကလေးဟာ နံရံပေါ်ကို နောက်ပြန် လျှောက် တတ် သွားတာကို မြင်ရပြီး ထိတ်လန့်ခြောက်ခြား သွားခဲ့ပါတယ်။ 


ဒါနဲ့ ဒေသခံ ရဲများကိုခေါ်ခဲ့ပေမယ့် နေ့ဘက်ပဲ လာရဲကြပါတယ်။ ညဘက်မှာ အိမ်ထဲတောင် မဝင်ရဲကြပါဘူး။ ယခုတော့ ယင်းအိမ်ဟာ အမေရိကန်မှာ သရဲခြောက်၊ သရဲပြုစားတဲ့ အိမ်တစ်ခုအဖြစ် အတော်လေး နာမည် ကြီးနေ ပါတယ်။ သရဲဝင်ပူးခြင်း၊ ပြုစားခြင်းခံခဲ့ရတဲ့ Ammons လို့အမည်ရတဲ့ ပုံပါ အမျိုးသမီးကို ကပ်သလစ် ဘုန်းကြီး တစ်ပါးကိုယ်တိုင် ကုသ ( exorcisms ) ပြုလုပ်ပေးခဲ့ရကြောင်း ဆိုပါတယ်။

ဘယ်သူမှ မဝင်ရဲတဲ့ အိမ်ကို အပြင်ကနေ ရဲတို့ ဓာတ်ပုံရိုက်လိုက်တာ ယခုလို ထွက်ရှိလာပါတယ်။ အသေးစိတ်ကို Daily Mail က ဖော်ပြတဲ့ အောက်ပါ သတင်း ဆောင်းပါးမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။


အောင်ခမ်း

0 comments:

Post a Comment