28.1.14

မြန်မာနိုင်ငံသည်တစ်ချိန်ကအာရှတိုက်၏တိုးတက်မှုစွမ်း အားမြင့်မားသည့်နိုင်ငံအဆင့်သို့ပြန်ရောက်နိုင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက၄င်း၏နှုတ်ခွန်းဆက်စကားတွင်ဖော်ညွှန်းပြောကြား

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တွင် ပဋိပက္ခများ၊ ထိရှလွယ်သော အခြေအနေများနှင့် အထီးကျန်ဖြစ် နေခဲ့ခြင်းမှကြွယ်ဝ၍အေးချမ်းသော အနာဂတ်ဆီသို့ ခိုင်မာစွာဦးတည် ဆောင်ရွက်နေကြောင်း လေ့လာ
တွေ့ရှိရပါသည်။

မြန်မာနိုင်ငံမှာ အဆင့်(၃) ဆင့်ပါဝင်သော အသွင်ကူးပြောင်း ရေး၏ အဓိကအစိတ်အပိုင်းတွင် ရောက်ရှိနေပါသည်။ ¤င်းအဆင့် များမှာ စစ်ဘက်အစိုးရအုပ်ချုပ်ရေး မှဒီမိုကရေစီစနစ်သို့လည်းကောင်း၊ နယ်စပ်ဒေသပဋိပက္ခများမှငြိမ်းချမ်း ရေးဆီသို့လည်းကောင်း၊နိုင်ငံတော် ဗဟိုပြုစနစ်မှ ဈေးကွက်ဗဟိုပြု စီးပွားရေးစနစ်သို့ လည်းကောင်း စသည်ဖြင့်ဖြစ်ပါသည်။



ယနေ့မိမိတို့အနေဖြင့် ပိုမို ကောင်းမွန်သောအနာဂတ်ကိုတည်
ဆောက်နိုင်ရေး ခိုင်မာအားကောင်း သောပြည်သူရေးရာနှင့်နိုင်ငံရေးရာ
ဆွေးနွေးပွဲများကို တွေ့မြင်နေရပါ သည်။

မိမိတို့ ကမ္ဘာ့ဘဏ်အဖွဲ့အနေ ဖြင့်လည်း မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီ အသီးအပွင့်များကို ပြည်သူအားလုံးအတွက်စွမ်းဆောင် နိုင်ရေး ရဲရင့်သောဆောင်ရွက်မှု များကြောင့်ယခုလက်ရှိအပါအဝင် အနာဂတ်တွင်မြန်မာနိုင်ငံနှင့်ခိုင်မာ သည့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ရပ်တည်သွားမှာ ဖြစ်ပါသည်။

လာမည့်နှစ်များအတွင်း မိမိတို့ ကမ္ဘာ့ဘဏ်အဖွဲ့
အနေဖြင့် မြန်မာ နိုင်ငံအား ကူညီထောက်ပံ့မှုများကို သိသာစွာ တိုးမြှင့်ဆောင်ရွက်သွား မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံပမာဏရှိ အများပြည်သူ နှင့်ပုဂ္ဂလိကကဏ္ဍ နှစ်ရှည်စီမံကိန်း များကို ဆောင်ရွက်သွားမှာ
ဖြစ်ပါ သည်။

တစ်ချိန်တည်းတွင် နိုင်ငံတော် အစိုးရအပါအဝင် ပြည်သူများနှင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ်ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပြီး ပိုမိုထိရောက် ကောင်းမွန်၍ ပွင့်လင်းမြင်သာပြီး တာဝန်ခံနိုင်သောအမျိုးသားအဆင့် အဖွဲ့အစည်းများ တည်ဆောက်ရေး တွင်လည်း အထောက်အကူပေး သွားမှာဖြစ်ပါသည်။

၎င်းရန်ပုံငွေများကို မြန်မာ နိုင်ငံ၏ ဦးစားပေးဆောင်ရွက်ရ မည့် ကဏ္ဍများဖြစ်သော စွမ်းအင်၊ ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုး ရေး အစရှိသည့်ကဏ္ဍများတွင် လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင် ရေး အကူအညီပေးရန် အသုံးပြု သွားမှာဖြစ်ပါသည်။

လတ်တလောတွင်မြန်မာနိုင်ငံ ၏ပြည်သူ ၇ဝ ရာခိုင်နှုန်းခန့်မှာ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်သည့် အခြေအနေတွင်မရှိသေးပါ။ ကျေး ရွာများတွင် ပြည်သူများအနေဖြင့် ရေရရှိရေး၊ ရေတင်ခြင်းများကို လူအားဖြင့်ဆောင်ရွက်နေရဆဲဖြစ် ပြီး ကလေးများစာဖတ်ခြင်းအတွက် ဖယောင်းတိုင်မီးကိုလည်းကောင်း၊ ချက်ပြုတ်ရေးတွင် ထင်းမီးကို လည်းကောင်း အသုံးပြုနေရဆဲ ဖြစ်ပါသည်။

မြို့ပြဒေသများတွင်တိုးတက် မှုဖြစ်စဉ်မှာ မြန်ဆန်လှသော်လည်း မြန်မာ့ကျေးလက်ဒေသများတွင် တိုးတက်မှု လွန်စွာနှေးကွေးနေပြီး ယင်းဒေသများတွင် ဆင်းရဲချို့တဲ့မှု သိပ်သည်း၍အလုပ်အကိုင်ရှားပါးမှု အခြေအနေများလည်းသိရှိရပါသည်။

ကျေးလက်ဒေသများတွင် အားထားနိုင်ပြီး ဈေးနှုန်းသက်သာ သော လျှပ်စစ်ဓာတ်အားအသုံးပြု နိုင်ရန် တိုးချဲ့ဆောင်ရွက်ရေး၊ နိုင်ငံ တော်အစိုးရ၏ ဆုံးဖြတ်လုပ်ကိုင် မည့် ကတိကဝတ်များမှာ မိမိတို့ နှင့် တူညီသည်ဟု ခံစားရပါသည်။

ထို့ကြောင့်လာမည့်ငါးနှစ်တာ ကာလတွင် မိမိတို့အနေဖြင့် မြန်မာ နိုင်ငံ၏ဓာတ်အားကဏ္ဍတွင် အမေ ရိကန်ဒေါ်လာ ၁ ဘီလီယံအထိ မြှုပ်နှံဆောင်ရွက်သွားမှာ ဖြစ်ပါ သည်။

ယင်းတွင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ပေးပို့ခြင်းနှင့် ခွဲဝေ ခြင်းစသည့်ကဏ္ဍများပါဝင်ပါသည်။ ထို့ပြင် မိမိတို့၏ရင်းနှီးမြှုပ်နှံမှုမှာ အခြား ပုဂ္ဂလိကကဏ္ဍရေးရာများ ကိုလည်း ဆွဲဆောင်နိုင်ရန် ပုံစံပြု ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။

၎င်းဘဏ္ဍာငွေများနှင့်အတူအလှူရှင်များနှင့် ပုဂ္ဂလိကကဏ္ဍအထောက်အပံ့များ၊ နိုင်ငံတော်အစိုးရ၏ မူဝါဒပြုပြင်ပြောင်းလဲရေးအတည်ပြုနိုင်ရန် မြန်ဆန်သည့်ကြိုးပမ်းမှု များ စသည့်အချက်များပေါ်မူတည်၍ မြန်မာနိုင်ငံအနေဖြင့် သက္ကရာဇ် ၂ဝ၂ဝတွင် ပြည်သူ ၅ဝရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်သည်အထိ တိုးတက်ဆောင်ရွက်နိုင်ပါလိမ့်မည်။ ၄င်း အချက်သည် နိုင်ငံတော်အစိုးရ၏ ၂ဝ၃ဝမတိုင်မီ ပြည်သူအားလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ရေး ရည်မှန်းချက်အောင်မြင်စေရန် အခြေခံအုတ်မြစ်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍအနာဂတ်အလားအလာ များအတွက်ရင်းနှီးမြှုပ်နှံခြင်းသည်နိုင်ငံသားများ၏ဘဝ တိုးတက် ရေးအတွက်သာမက ပိုမိုကောင်းမွန်သော စီးပွားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုး ပွားလာပါမည်။

သို့ဖြင့်နိုင်ငံစီးပွားရေးဖြစ်ထွန်းမှုနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့တွင် အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။

ဒုတိယအနေဖြင့်ပြောကြားလိုသည့်အချက်မှာ အခြေခံအဆောက် အအုံကဏ္ဍနှင့် အများပြည်သူကဏ္ဍရင်းနှီးမြှုပ်နှံမှုများကို ယှဉ်တွဲ ဆောင်ရွက်သွားနိုင်ရန်လိုအပ်ပါသည်။ ဆိုလိုသည်မှာ ကျန်းမာသော ကလေးများမှာ ကျောင်းတွင်ပိုမိုကောင်းမွန်စွာသင်ယူနိုင်ပြီး ကျန်းမာ သောလူရွယ်များမှာ ပိုမိုကောင်းမွန်သောကုန်ထုတ်စွမ်းအား ဖြည့် ဆည်းနိုင်ပါသည်။

ထို့အတူ ပြင်းထန်၍ရုတ်ခြည်းကျ ရောက်တတ် သောရောဂါများမှ ကင်းဝေးနိုင်သည့်မိသားစုများမှာဆင်းရဲနွမ်းပါးမှု ကို ရှောင်ရှားနိုင်မှာဖြစ်ပါသည်။

အရေးအကြီးဆုံးအချက်မှာ ပြည်သူများ၏ကျန်းမာရေးကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ခိုင်မာသောစီးပွားရေးအသီးအပွင့်များ ကို မိသားစုများသာမက နိုင်ငံအနေဖြင့်ပါ ခံစားနိုင်မှာဖြစ်ပါသည်။ မကြာသေးမီကထုတ်ပြန်သော Lancet ကျန်းမာရေးစာစောင်၏
လေ့လာတွေ့ရှိချက်အရ နိုင်ငံအချို့၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၂၅ ရာခိုင်နှုန်းမှာ ကောင်းမွန်သောကျန်းမာရေးရ
လဒ်များမှာဖြစ်ထွန်း ကြောင်းသိရသည်။ ကျန်းမာရေးကဏ္ဍအတွက် တစ်ဒေါ်လာရင်းနှီး မြှုပ်နှံမှုသည် အခြားမည်သည့်အတွက် ကြီးမားသည့်အထောက် အကူတွန်းအားဖြစ်ပြီး အရည်အသွေးရှိသော ကျန်းမာရေးစောင့် ရှောက်မှုကို တိုးတက်အသုံးပြုနိုင်ခြင်းဖြင့်လည်း လယ်ယာများ၏ အထွက်နှုန်းကိုတိုးပွားစေမှာဖြစ်ပါသည်။

မိမိအနေဖြင့်လွန်ခဲ့သော ၁၉ လခန့်၊ ကမ္ဘာ့ဘဏ်လုပ်ငန်းတာဝန် များ စတင်ထမ်းဆောင်စဉ်ကတည်းကမြန်မာနိုင်ငံသို့လာရောက်ရန် ဆန္ဒပြင်းပြခဲ့ပါသည်။အထူးသဖြင့် ၂၆နှစ်တာကာလကြာပြီးမှ မိမိတို့ ရုံးခန်းပြန်လည်စတင်ဖွင့် လှစ်ဆောင်ရွက်နိုင်စဉ်ကတည်းက ဖြစ်ပါ သည်။ မိမိတို့အနေဖြင့် ၂ဝ၁၂ခုနှစ် သြဂုတ်လတွင်ဝန်ထမ်းလေးဦး တည်းဖြင့်စတင်ခဲ့ပါသည်။ ဒီနေ့တွင် ဝန်ထမ်း ၃ဝကျော်ဖြင့်ဆောင် ရွက်နေပြီဖြစ်ပါသည်။ ထို့ပြင် ယခုနှစ် ဇွန်လမတိုင်မီ မိမိတို့ ကမ္ဘာ့ဘဏ်အဖွဲ့မှ မြန်မာနိုင်ငံအတွက်ဒေါ်လာသန်း ၇ဝဝကျော် အသုံးပြုနိုင်ရန် ကတိကဝတ်ထားဆောင်ရွက်နေပါသည်။

မြန်မာနိုင်ငံခေါင်းဆောင်များ၏ရည်မှန်းချက်အောင်မြင်ရေးကူညီခြင်း ဖြင့် မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်လွှားတွင်ပါ ဂုဏ်ယူစရာဖြစ်ပါသည်။

မြန်မာနိုင်ငံသည်တစ်ချိန်ကရရှိခဲ့သောအာရှတိုက်၏တိုးတက်မှု စွမ်းအားမြင့်မားသောနိုင်ငံတစ်ခုအဆင့်သို့ပြန်လည်ရောက်ရှိနိုင်ပါသည်။

နိုင်ငံ့ခေါင်းဆောင်များအနေဖြင့်တစ်ချိန်ကမရှိခဲ့သော စီးပွားရေး အခွင့်အလမ်းကောင်းများကို ပြည်သူများအတွက်ဖြည့်ဆည်း၍ အမျိုးသား၊အမျိုးသမီး၊ကလေးများပါမကျန်ပြည့်ဝသော အလား အလာများရှိသည့် နိုင်ငံတစ်ခုအဖြစ်တည်ဆောက်နိုင်ပါသည်။

ရှေ့အနာဂတ်တွင်ရှိလာနိုင်မည့်အဓိကစိန်ခေါ်မှုများကိုကျော်လွှား နိုင်ရန်နှင့် နိုင်ငံ၏လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ကျန်းမာရေးနှင့် လယ် ယာစိုက်ပျိုးရေးကဏ္ဍတို့လျင်မြန်စွာတိုးတက်ရေးပံ့ပိုးနိုင်ရန် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံနှင့်အတူလက်တွဲဆောင်ရွက်သွားပါမည်။

မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရည်မှန်း ချက်အချို့ဖြင့်သာဆောင်ရွက်နိုင်ခဲ့ခြင်းနှင့်နှိုင်းယှဉ်လျှင် ယခုအချိန် တွင် ပိုမိုတောက်ပသော အနာဂတ်အလားအလာကောင်းများကို ပိုင်ဆိုင်နေပါသည်။

သို့သော်အလားအလာကောင်းများမှာ ယနေ့နိုင်ငံ့ခေါင်းဆောင် များ၏ ရဲရင့်သောဆုံးဖြတ်လုပ်ဆောင်ချက်များနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၏ လုပ်ငန်းအဆင့်ဆင့်ပံ့ပိုးနိုင်မှုတို့အပေါ်တွင် များစွာမူ တည်ပါသည်။

The Union Daily

0 comments:

Post a Comment