28.3.13

ကျွန်တော့်နှလုံးသားထဲမှာ ချဲလ်ဆီးရှိနေပါတယ်---မော်ရင်ဟို

ရီးရဲလ်နည်းပြ မော်ရင်ဟိုက မိမိ၏ နှလုံးသားထဲတွင် ချဲလ်ဆီးရှိနေဆဲ ဖြစ်သည်ဟု ၀န်ခံသွားခဲ့သည်။ ယခုရာသီအကုန်၌ ချဲလ်ဆီးတွင် မော်ရင်ဟို ပြန်လည်နည်းပြရန် သဘောတူညီမှု ရခဲ့သည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖွင့်ဟလာခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော သတင်းများအရ မော်ရင်ဟို၏အေးဂျင့် ဂျော့စ်မန်ဒက်မှာချဲလ်ဆီး၊ ပီအက်စ်ဂျီတို့နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ၎င်းအနေဖြင့် ရာသီအကုန်တွင် အဆိုပါ ၂သင်းအနက် ၁သင်းကို နည်းပြမည်ဟု သိရှိရသည်။

မော်ရင်ဟိုက “လန်ဒန်မှာ ကျွန်တော့်အိမ်ရှိသလို ချဲလ်ဆီးနဲ့ပတ်သက်တဲ့ ကျွန်တော့်ခံစားချက် ကလည်း ပြင်းထန်ပါတယ်။ အဲ့ဒီအတွက် တနေ့နေ့မှာ ပရီးမီးယားလိဂ်ကို နည်းပြလုပ်ဖို့ရှိပြီး ချဲလ်ဆီး မဟုတ်ရင်တော့ တစ်သင်းသင်းမှာ နည်းပြမှာပါ။ ချဲလ်ဆီးက ကျွန်တော့်နှလုံးသားထဲမှာ ရှိနေလို့ တခြားကလပ်တွေထက်တော့ ပိုပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့် ၃နှစ်ခွဲ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ မော်ရင်ဟိုက လန်ဒန်တွင် လမ်းလျောက်ရခြင်းမှာ ၎င်းအတွက် မွေးရပ်မြေတွင် လမ်းလျောက်ရသကဲ့သို့ ခံစားရပြီး ၎င်းအတွက် နောက်တစ်ကြိမ် ပြန်လာချိန်တွင်လည်း ယခင်အခြေအနေမျိုးကဲ့သို့ ခံစားရမည်ဖြစ်ကြောင်း ၎င်း၏လန်ဒန်လူနေမှုဘ၀အပေါ် ကောက်ချက်ချသွားခဲ့သည်။

0 comments:

Post a Comment