9.2.14

၂၀၁၅-၂၀၁၆ တွင် မိုဘိုင်းဖုန်းကိုင်ဆောင်မှု ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ ထိ တိုးမြင့်လာနိုင်ပြီး အင်တာနက်သုံးစွဲမှု ရာခိုင်နှုန်း ၅၀ အထိ တိုးမြင့်အောင် ဆောင်ရွက်မည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လာမည့်၂၀၁၅- ၂၀၁၆ ခုနှစ်တွင် မိုဘိုင်းဖုန်းကိုင်ဆောင် အသုံးပြုသူဦးရေမှာ ၇၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈၀ အထိ တိုးမြင့်လာနိုင်မည်ဟု ခန့်မှန်းထားပြီး အင်တာနက်သုံးစွဲသူဦးရေမှာလည်း ရာခိုင်နှုန်း ၅၀ အထိ တိုးမြင့်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

" ဆက်သွယ်ရေးလုပ်ငန်းတွေကို ဒီထက်ပိုကျယ်ပြန့်အောင် ဆောင်ရွက်နေပါတယ်။ ပြီးတော့ အင်တာနက်အသုံးပြုသူရာခိုင်နှုန်းကိုလည်း ဒီထက်ပိုပြီးတော့ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ပြီးတော့နိုင်ငံတော်နဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီးဆောင်ရွက်မှုတွေကြောင့် စီမံကိန်းရဲ့နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ မှာလည်း အခြေခံနှစ်အပေါ် ၂ ဒသမ ၁၄ ဆ ဖြစ်ပေါ်ရန်နှင့် တစ်နှစ်ပျမ်းမျှ ၁၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်နေပါတယ်"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ကုမ္ပဏီများဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲမှုများကြောင့် (၂၀၁၅-၂၀၁၆) တွင်ဖြစ်ပေါ်လာမည့် တယ်လီဖုန်းသိပ်သည်းဆမှာ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် လူဦးရေ ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် လူဦးရေ ၂၇ ရာခိုင်နှုန်း၊၂၀၁၄-၂၀၁၅ တွင် လူဦးရေ ရာခိုင်နှုန်း ၅၀ နှင့် ၂၀၁၅-၂၀၁၆ တွင် လူဦးရေ ရာခိုင်နှုန်း ၈၀ အထိ မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းဇယားများအရ သိရသည်။

ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းများကို ၂၀၁၃-၂၀၁၄ တွင် မိုဘိုင်းဖုန်းလိုင်း လေးသန်း၊ ၂၀၁၄-၂၀၁၅ တွင် မိုဘိုင်းဖုန်းလိုင်း ငါးသန်းနှင့် ၂၀၁၅-၂၀၁၆ တွင် မိုဘိုင်းဖုန်းလိုင်း ငါးသန်း စုစုပေါင်း မိုဘိုင်းဖုန်းလိုင်း ၁၄ သန်းကို နှစ်အလိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment