9.2.14

ရန်ကုန်တိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှု နှစ်လအတွင်း အပြီးကောက်ယူနိုင်မည်ဟု မျှော်မှန်း


၂၀၁၄ ဖေဖော်ဝါရီလမှစတင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့်ဗ AAPP တို့ပူးပေါင်းပြုလုပ်သည့် နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ယူမှုအား နှစ်လခန့်အတွင်း ရန်ကုန်တိုင်းမှာ ပြီးဆုံးလိမ့်မည်ဟု ခန့်မှန်းကြောင်း ရန်ကုန်တိုင်းအတွင်း တာဝန်ခံဆောင်ရွက်နေသည့် ဦးထွန်းကြည်က ပြောကြားသည်။


သက်ဆိုင်ရာမြို့နယ်အတွင်းရှိ NLD ပါတီဝင်များနှင့် ပထမဦးစွာဆက်သွယ်ခဲ့ပြီး ထိုမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကို မေးမြန်းစုံစမ်းခဲ့ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားစာရင်းကောက်ခံသည့် ပုံစံစာရွက်အား ရှင်းလင်းပြသခဲ့သည်။ ၁၉၆၂ ခုနှစ်မှ စတင်ကောက်ခံခဲ့ခြင်းဖြစ်သဖြင့် ၁၉၆၂ မျိုးဆက်ရှိ အချို့နိုင်ငံရေးအကျဉ်းသားများမှာ သေဆုံးသွားခဲ့ကြပြီဖြစ်ကြောင်းကိုလည်း သတင်းရရှိသည်။ ထို့အပြင် ပျောက်ဆုံးနေသည့် နိုင်ငံရေးအကျဉ်းသားအချို့၏ စာရင်းကိုလည်း လက်ခံရရှိခဲ့သည့် အကြောင်းကိုလည်း ပြန်လည်ဖြေကြားခဲ့သည်။

"စစ်ထောက်လှမ်းရေးခေတ်က နိုင်ငံရေးအကျဉ်းသားတွေကို ရဲဘက်စခန်းတွေကို ပို့တယ်၊ အဲဒီကနေ ပေါ်တာပို့တယ်။ ပေါ်တာပို့ရာကနေ ပြန်မလာတော့ဘူးဆိုတော့ သူတို့ကို သေဆုံးသွားတယ်လို့ ယူဆလို့ရတယ်။ တချို့ကိုလည်း နယ်ထောင်တွေကို ပို့လိုက်တယ်။ မိသားစုက စားစရိတ်ကမတတ်နိုင်တော့ ထောင်ဝင်စာလိုက်မတွေ့ဘူး။ မိသားစုအဆက်အသွယ်ပြတ်သွားတယ်။ အခုအချိန်အထိ အိမ်ပြန်မလာဘူးဆိုတော့ ဒီလူတွေက သေဆုံးသွားပြီလို့ပဲ သတ်မှတ်ရမလို ဖြစ်နေတယ်။ တချို့မိသားစုတွေက သူတို့ကို အသိအမှတ်မပြုဘူးလို့ ခံစားနေရတယ်။ အခုလိုအသိအမှတ်ပြုပြီး စာရင်းကောက်ခံတယ်ဆိုတော့ သူတို့ဝမ်းသာတယ်။ တချို့ဆိုရင် သေဆုံးခါနီးတာတောင် အသိအမှတ်မပြုမှာကို စိုးရိမ်သွားကြတယ်လို့ သိရတယ်"ဟု ၎င်းက တွေ့ကြုံရမှုအား ပြောကြားသည်။

ထို့အပြင် အကျဉ်းထောင်အတွင်းရှိနေစဉ် ရရှိခဲ့သည့် ရောဂါများထဲတွင် အသဲရောင်အသားဝါ ဘီပိုး၊ စီပိုးများရှိနေပြီး နိုင်ငံရေးအကျဉ်းသား အများစုအဖို့ အသည်းရောင်စီပိုးကို ကုသရန် ငွေကြေးလုံလောက်မှုမရှိကြောင်းနှင့် ဦးဝင်းတင် ဖောင်ဒေးရှင်း၏ စီမံမှုကြောင့် ရရှိခဲ့သည့် အခမဲ့ကုသခွင့်တွင်လည်း စီပိုးကုသမှု မပါဝင်သဖြင့် အခက်အခဲတွေ့နေရကြောင်းကိုလည်း ပြောကြားသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအနေနှင့် ပညာသင်ကြးခွင့် အခွင့်အရေးများ ဆုံးရှုံးခဲ့ခြင်းကြောင့် အသက်မွေးဝမ်းကျောင်းမှုအတွက် အခက်အခဲများ တွေ့ကြုံနေရကြောင်းနှင့် အကျဉ်းထောင်များမှ လွတ်မြောက်လာပြီးနောက်ပိုင်း ဆေးနှင့်ဆေးပစ္စည်းမသန့်ရှင်းမှုများကြောင့် ကူးစက်ခံရသည့် ရောဂါများကြောင့်လည်းကောင်း ငွေကြေးကုန်ကျမှုများ၊ အလုပ်လုပ်ကိုင်နိုင်ခွင့်များကိုလည်း ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။

Eleven

0 comments:

Post a Comment