7.10.14

ပျောက်ဆုံးနေသော မက္ကဆီကိုကျောင်းသား ၄၃ဦးထဲမှ ၁၇ဦးကို သတ်ခဲ့ကြောင်း လူသတ်သမားများဝန်ခံ


မက္ကဆီကို တောင်ပိုင်းတွင်ပျောက် ဆုံးသွားသောကျောင်းသား ၄၃ဦးထဲမှ တချို့၏ အလောင်းကို ကျင်းတစ် ခုတွင် ရှာဖွေတွေ့ရှိချိန် လူဆိုးဂိုဏ်း နှစ်ခုမှ လူသတ်သမားများက ၄င်း တို့သည် ကျောင်းသား ၁၇ဦးကိုသတ် ခဲ့ကြောင်း ဝန်ခံခဲ့သည်။
အကြမ်းဖက်မှုဖြစ်ပွားရာ ဂါ ရီရိုပြည်နယ်၏ ရှေ့နေချုပ်အီနာကီ ဘလန်ကို၏ ပြောကြားချက်အရလျို့ ဝှက်ကျင်းတစ်ခုတွင် တွေ့ရှိသော အလောင်း ၁၈လောင်းကို မည်သူ မည်ဝါဖြစ်ကြောင်း ခွဲခြားရန်၁၅ရက် ထက်မနည်း အချိန်ယူခဲ့ရကြောင်း၊ တချို့သောအလောင်းမှာ ဆိုးဆိုး ရွားရွား မီးလောင်ကျွမ်းနေကြောင်း သိရသည်။
အလောင်းများ မြှုပ်နှံထားသည့် ကျင်းကို စက်တင်ဘာ ၂၆ရက်ညက ကျောင်းသားများပျောက်ဆုံးသွား ရာနေရာတွင် ယမန်နေ့ကတွေ့ရှိခဲ့ ခြင်းဖြစ်သည်။
အီဂွါလာမြူနီစီပယ် ရဲများက ထိုကျောင်းသားများ စီးနင်းလာသော ဘတ်စ်ကားကို ပစ်ခတ်ခဲ့ပြီးနောက် ကျောင်းသားများပျောက်ဆုံးသွား ခြင်းဖြစ်သည်။
ဘလန်ကို၏ပြော ကြားချက်အရ ကျောင်းသား ၄၃ဦး ပျောက်ဆုံးပြီး ၂၅ဦးထိခိုက်ဒဏ်ရာ ရကာ ခြောက်ဦးသေဆုံးခဲ့သော အ ကြမ်းဖက်မှုတွင် Guerrers Unidos ဂိုဏ်းကပူးပေါင်းပါဝင်ကြောင်း သိ ရသည်။
ထိုအကြမ်းဖက်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေး နေကြောင်း ဘလန်ကိုကပြောသည်။
အဆိုပါ အဖြစ်အပျက်သည် ၂ဝဝ၆ ခုနှစ်ပြင်းထန်သော မူးယစ်ဆေးဝါး စစ်ပွဲဖြစ်ပွားချိန်ကတည်းက မက္ကဆီ ကိုတွင် အဆိုးရွားဆုံးဖြစ်ခဲ့သည်။

Ref: AFP

0 comments:

Post a Comment