7.10.14

ပျောက်ဆုံး MH 370 လေယာဉ် ကို အိန္ဒိယ သမုဒ္ဒရာ ကြမ်းပြင် အောက်တွင် ရှာဖွေ မှုများ ပြန်လည် လုပ်ဆောင်



ခြောက်လကျော်ကြာ ပျောက်ဆုံးနေသော မလေးရှား လေကြောင်းလိုင်းမှ MH 370 လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်အောက်တွင် ရှာဖွေမှုများ ပြန်လည်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။
ရှာဖွေရေး သင်္ဘောသုံးစင်းအနက် တစ်စင်းဖြစ်သော The Go Phoenix သင်္ဘောသည် အဆိုပါ ပျောက်ဆုံးလေယာဉ် အပျက်အစီး များကို ၎င်းသမုဒ္ဒရာအောက်တွင် တစ်နှစ်ကြာ ရှာဖွေသွားမည်ဖြစ်ပြီး ၎င်းသင်္ဘောသည် အောက်တိုဘာ ၆ ရက်က သြစတြေးလျနိုင်ငံ အနောက်ဘက်မှ မိုင် ၁၁ဝဝ အကွာရှိ ရှာဖွေရေးဇုန်အတွင်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့ပြင် အခြားရှာဖွေရေး အမှုထမ်းများသည် ၎င်းရှာဖွေရေးဇုန်ရှိ ပင်လယ်ကြမ်းပြင် မြေပုံများကို လေးလကြာအချိန်ယူ ဆွဲခဲ့ကြောင်းနှင့် လေ့လာသူများကလည်း ၎င်း လေယာဉ်နှင့် ဂြိုဟ်တုတို့အကြား ထုတ်လွှင့်ခဲ့သည့် အချက်အလက်များ ကို လေ့လာဆန်းစစ် ခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment