3.11.15

ဒီချုပ်တင်မည့် သမ္မတလောင်းမှာ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းနှင့် ရင်းနှီးသည့် ဗဟန်းမြို့နယ်မှ ပါတီဝင်တစ်ဦးဖြစ်နိုင်ဟု လယ်ရီဂျေဂင်ခန့်မှန်း

 လာမည့်ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့ပါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သမ္မတ လောင်းအဖြစ် ရွေးချယ်တင် မြှောက်မည့် ပုဂ္ဂိုလ်မှာ နိုင်ငံတ ကာသံတမန်အသိုင်းအ၀ိုင်းနှင့် ရင်းနှီးမှုရှိသည့် ဗဟန်းမြို့နယ်မှ ပါတီဝင်အမျိုးသားတစ်ဦးဖြစ် ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူ နိုင်ငံရေးပညာရှင် လယ်ရီဂျေဂင်က ခန့်မှန်းပြော ကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်က မန္တလေးမြို့တွင် ပြု လုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန် မြန်မာ့ရေးရာနှင့် လားရာဆွေးနွေးပွဲ၌ လယ်ရီဂျေဂင်က အထက် ပါအတိုင်း ခန့်မှန်းပြောကြားခြင်း ဖြစ်သည်။
ဒီချုပ်ပါတီမှ ရွေးချယ်တင် မြှောက်သည့် ဒုသမ္မတလောင်း သည် လွန်ခဲ့သည့် သုံးလခန့်ကမှ ဗဟန်းမြို့နယ်တွင် ပါတီဝင်ထား ပြီး နိုင်ငံတကာသံတမန်အသိုင်းအ၀ိုင်း၌  အလုပ်လုပ်ကိုင်ခဲ့ဖူး သူ၊ ဒေါက်တာ သန့်မြင့်ဦးကဲ့သို့ နာမည်ကျော်ကြားခြင်းမရှိသော် လည်း ဒေါက်တာသန့်မြင့်ဦးကဲ့ သို့ပင်  နိုင်ငံတကာသံတမန်အ သိုင်းအ၀ိုင်းနှင့် ရင်းနှီးသူ အမျိုးသားတစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည်ဟု လယ်ရီဂျေဂင်က ခန့်မှန်းပြောကြားခြင်း ဖြစ်သည်။
‘‘ကျွန်တော်ရရှိလာတဲ့ အ ချက်အလက်တွေအရ ဆိုရင် NLDအနေနဲ့ သူတို့တင်မြှောက်မယ့် ဒုသမ္မတလောင်းကို သံတမန်အ သိုင်းအ၀ိုင်းမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ သူတစ်ဦးကို လျာထားတယ်ဆို တာ သိရပါတယ်’’ဟု မြန်မာ့နိုင်ငံ ရေးလေ့လာသူ လယ်ရီဂျေဂင်က ပြောသည်။
၎င်းအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် စကားပြောဆို ဆွေးနွေးနိုင်ခဲ့ခြင်းမရှိသော်လည်းဒီချုပ်ပါတီ ထိပ်ပိုင်းခေါင်း ဆောင်အချို့၊ ဒီချုပ်ကို ထောက်ခံသူများနှင့် စကားပြောဆိုဆွေးနွေး ရရှိလာသည့် အချက်အလက်နှင့် ထင်မြင်ယူဆချက်များအပေါ် အခြေခံကာ ယခုကဲ့သို့ ခန့်မှန်းပြောကြားခြင်းဖြစ်ကြောင်း လယ်ရီဂျေဂင်ကဆိုသည်။
သို့သော်လယ်ရီဂျေဂင်၏ ခန့်မှန်းမှုများမှာ ဖြီးဖြန်းပြောဆို ခြင်းများသာ ဖြစ်ပြီး ဒီချုပ်ပါတီမှ တင်မြှောက်မည့် ဒုသမ္မတလောင်းမည်သူမည်ဝါဖြစ်လာမည်ဆို သည်ကို ရွေးကောက်ပွဲပြီးစီးချိန် မှသာ အများပြည်သူသို့ အသိပေး ထုတ်ပြန်မည်ဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးဝင်းထိန်က ပြော သည်။
‘‘ကျွန်တော်ပြောမယ်။ လယ်ရီဂျေဂင်က ဖြီးနေတာ။ ပေါက်က ရတွေ လျှောက်ပြောနေတာ။ သူ က ဆရာကြီးလုပ်ချင်နေတာ’’ဟု ဦးဝင်းထိန်က ပြောသည်။
ပြည်တွင်းနိုင်ငံရေးလေ့ လာသူများကမူ လယ်ရီဂျေဂင်၏ ခန့်မှန်းမှုမှာ ဗဟန်းမြို့နယ် ဒီချုပ် ပါတီဝင်၊ ဆရာကြီး မင်းသုဝဏ် ၏ သား ဦးထင်ကျော်ကို ဒီချုပ် ပါတီ၏ သမ္မတလောင်းဖြစ်လာ နိုင်သူအဖြစ် ထင်မြင်ချက်ပေး ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြော ကြားကြသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment