31.10.15

မြိုင်မြို့နယ် NLD ပါတီ၏ လက်ယက်မ ကျေးရွာ စည်းရုံးရေး ဟောပြောပွဲ တက်ရောက်ခဲ့သည့် ကန်နီ ကျေးရွာသားများအား အပြန်တွင် ကျေးရွာအတွင်း မ၀င်ရောက်ရန် လူ ၄၀ ခန့်က တားမြစ်


မြိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အောက်တိုဘာ ၂၉ ရက်က လက်ယက်မ ကျေးရွာတွင် ပြုလုပ်သည့် စည်းရုံးရေး ဟောပြောပွဲသို့ တက်ရောက်ခဲ့သော ကန်နီကျေးရွာသားများမှာ ဟောပြောပွဲ အပြီး  ကျေးရွာသို့ အပြန်တွင် ကျေးရွာအတွင်း မ၀င်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီ အမှတ်အသားများ ၀တ်ဆင်ထားသူ ၄၀ ခန့်က တားမြစ်ခဲ့ကြောင်း သိရသည်။

လက်ယက်မ ကျေးရွာတွင် ပြုလုပ်သည့် ဟောပြောပွဲအပြီး ကန်နီရွာမှ ဦးမြင့်နိုင်နှင့် လူ ၅၀ ခန့်သည် ၎င်းတို့၏ ကန်နီကျေးရွာသို့ ကားဖြင့် ပြန်လာရာ ရွာ၏ အရှေ့တံခါးနှင့် တောင်တံခါးပေါက် တို့၌ လူ ၄၀ ခန့်က ကြိုတင် စောင့်ဆိုင်း၍ ကျေးရွာအတွင်း မ၀င်ရောက်ရန် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ၀င်မယ့် ဘက်တွေကနေ တုတ်တွေနဲ့ စောင့်ပြီး ရွာထဲမ၀င်ဖို့ တားတာပါ။ ၀င်ရင် ရိုက်မယ်ဆိုပြီး  တားတဲ့အတွက် ရွာအုပ်ချုပ်ရေးမှူးကို ခေါ်ပါတယ်။ အုပ်ချုပ်ရေးမှူးကလည်း ကားပေါ်က လူတွေ ရွာထဲ တစ်ယောက်ချင်းဝင်။ ကားထားခဲ့လို့ ပြောတဲ့အတွက် ကျွန်တော်တို့က လူရော၊ ကားရော ၀င်ရမှဝင်မယ်။  မ၀င်ရဘူး ဆိုတဲ့အတွက် ထိပ်တိုက် တွေ့တာကို ရှောင်ပြီး မြိုင်မြို့မှာ ညသွားအိပ်တာပါ” ဟု ကျေးရွာအတွင်း ၀င်ရောက်ရန် တားမြစ်ခံရသူ ကန်နီရွာသား ဦးမြင့်နိုင်က ပြောကြားသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment