1.10.15

"အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီးဖြစ်တဲ့ Ooredoo"

၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုကို ပေးအပ်ခဲ့သည့် Ooredoo Myanmar သည် ယနေ့အချိန်အထိ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန် ပြောဆိုလိုက်သည်။

“ဒီနေ့အထ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရှိခဲ့ပါပြီ။ မြန်မာနိုင်ငံထဲမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ တာဝါတွေ ဆောက်တာ၊ ဖိုက်ဘာလမ်းကြောင်းတွေ ခင်းတာ၊ Radio Transmission တည်ဆောက်တာတွေ လုပ်ခဲ့ပါတယ်” ဟု Ooredoo ၏ CEO ဖြစ်သူ Mr. Rene Meza က ပြောသည်။
Ooredoo သည် လက်ရှိ အချိန်၌ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုအကျိုးပြု လုပ်ငန်းပေါင်း ၅၁ ခု၌ ကျပ်ငွေ ၄.၈ ဘီလီယံ အသုံးပြုခဲ့ပြီး မကြာသေးခင်က မြန်မာနိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ရေကြီး၊ မြေပြိုမှု ဖြစ်စဉ်၌ ကျပ်ငွေ ၃၈.၄ မီလီယံ အသုံးပြုခဲ့သည်ဟု သိရသည်။
၎င်းတို့သည် လက်ရှိအချိန်၌ တာဝါတိုင်ပေါင်း ၂,၅၀၀ နီးပါးကို စိုက်ထူ၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထား ပြီး ၂၀၁၅ ခုနှစ် နှစ်အကုန်ပိုင်း၌ တာဝါတိုင်ပေါင်း ၃,၀၀၀ ကျော် ကို စိုက်ထူပြီး လူဦးရေ၏ ၉၀ ရာခိုင်နှုန်း ဝန်းကျင်ကို ကွန်ရက် လွှမ်းခြုံနိုင်ရန် ပြုလုပ်သွားမည်ဟု သိရသည်။
အလားတူ Ooredoo သည် လက်ရှိအချိန်၌ ဖိုက်ဘာကီလိုမီတာပေါင်း ၅ ထောင်ကို မြန်မာနိုင်ငံအတွင်း သွယ်တန်းထားရှိပြီး နှစ်ကုန်ပိုင်း၌ ဖိုက်ဘာ ကီလိုမီတာပေါင်း ၁ သောင်း ၂ ထောင်ကို သွယ်တန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

Credit To >>> Internet Journal

0 comments:

Post a Comment