27.10.15

ဂြိုဟ်တုနည်းပညာအကြောင်းဆွေးနွေးပွဲနိုဝင်ဘာတွင်ကျင်းပမည်


 နိုင်ငံတကာနှင့် ပြည် တွင်းမှပညာရှင်များပါဝင်သည့် ဂြိုဟ်တုနည်းပညာအကြောင်း ဆွေးနွေးပွဲကို ဒုတိယအကြိမ် အဖြစ် နိုဝင်ဘာအတွင်းကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံတွင် ဂြိုဟ်တု ဝန်ဆောင်မှုအသစ်များ ဖြန့်ဝေရန်အလားအလာကောင်းများရှိနေ ပြီး ဆက်သွယ်ရေးနှင့်သတင်း အချက်အလက်နည်းပညာဝန် ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့၏ ထောက်ခံမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းပွဲ စီစဉ်သည့် Bangkok Exhibition Services မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မနှစ်က ပထမဆုံးအနေနဲ့ ဂြိုဟ်တုဆက်သွယ်ရေးအကြောင်းဆွေးနွေးခဲ့ကြတယ်။ ဆက်သွယ်ရေးကဏ္ဍမှာ ဂြိုဟ်တုကို ဘယ်လိုအသုံးချရမယ်၊ ဘယ်လိုအခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှု တွေရှိမလဲဆိုတာ ပြည်တွင်း ပညာရှင်တွေရော ပြည်ပက ပညာရှင်တွေပါ ပူးပေါင်းဆွေးနွေးကြမယ့်ပွဲပါ’’ဟု၎င်းကဆိုသည်။
 အထက်ပါ Myanmar Satellite Forum 2015 တွင် ဂျပန်၊ အမေရိကန်၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှပညာရှင်များ ဦးဆောင်ဆွေးနွေးပြောကြားမည်ဖြစ်ပြီး ဝင်ကြေးမှာ ကန်ဒေါ်လာ ၇၀၀ သတ်မှတ်ထားကြောင်း   Bangkok ExhibitionServices  ကထုတ်ပြန်သည်။

  ယင်းဆွေးနွေးပွဲနှင့်အတူ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ကုမ္ပဏီ ၁၂၀ ကျော်က ဆက်သွယ်မှုနည်း ပညာဆိုင်ရာကဏ္ဍများအတွက် ထုတ်ကုန်များကို တစ်နေရာတည်းတွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။
ဆွေးနွေးပွဲမှာ နိုဝင်ဘာ ၁၈ ရက် တစ်ရက်တည်းဖြစ်သော် လည်း CommuniCast 2015 & Myanmar International ICT Exhibitions မှာ နိုဝင်ဘာ ၁၇ ရက်မှ၁၉ ရက်အထိ သုံးရက်ကြာ ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myan-mar Event Park(MEP)၌ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Credit To >>> 7Day News 

0 comments:

Post a Comment