27.10.15

ဘဏ်တွင် ၁၀ ရာခိုင်နှုန်းကြိုတင်ငွေဖြင့် ကြိုရောင်း၊ ကြိုဝယ်စနစ် မန္တလေးကုန်စည်ဒိုင်၌ ကျင့်သုံးရန် စဉ်းစား

http://www.7daydaily.com/sites/default/files/story/2015/10/DSC02798.jpg
 မန္တလေးကုန်စည်ဒိုင် တွင် အသင်းသားများအတွက် အကျိုးရှိမည်ဆိုပါက ဘဏ်၌ ၁၀ ရာခိုင်နှုန်းကြိုတင်ငွေသွင်းကာ ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်သည့် စနစ် ဆောင်ရွက်ပေးမည်ဟု အသင်းတာဝန်ရှိသူများက ပြော သည်။

မန္တလေးကုန်စည်ဒိုင်တွင် ကြိုရောင်း၊ ကြိုဝယ်စနစ်ကို ခွင့် ပြုထားခြင်းမရှိသော်လည်း အ သင်းသားအချို့က အဆိုပါစနစ် ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေ ကြပြီး ငွေပေး၊ ငွေယူပြဿနာများ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် ရောင်းသူနှင့် ၀ယ်သူတို့သည် ဘဏ်တွင် ၁၀ ရာခိုင် နှုန်းကြိုတင်ငွေသွင်းကာ ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ရသည့် စနစ်သို့ ပြောင်းလဲရန် ရန်ကုန်ကုန်စည်ဒိုင်သို့ သွားရောက်လေ့လာမည်ဖြစ် ကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန် တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ တာဝန်ရှိသူများက ပြောသည်။
‘‘အသင်းက ခြောက်ယောက်ရန်ကုန်ကုန်စည်ဒိုင်ကို ရွေး ကောက်ပွဲအပြီးလောက်မှာ သွား လေ့လာမယ်။ အသင်းသားတွေ အတွက် အကျိုးရှိမယ်ဆိုရင်တော့ လုပ်မှာပါ’’ဟု မန္တလေးကုန်စည်ဒိုင် အထွေထွေအတွင်းရေးမှူး ဦး အောင်ဆွေဟိန်းက ပြောသည်။
ကြိုရောင်း၊ ကြိုဝယ်ပြုလုပ် သောကြောင့် ငွေမပေးချေနိုင်၍ ထွက်ပြေးရသည့်ဖြစ်စဉ်များ မ ကြာခဏဖြစ်ပွားနေပြီး အသင်း တိုက်နာမည်ပျက်ရသည်ဟု ကုန် သည်အချို့က ဆိုသည်။
ဘဏ်သို့ ၁၀ ရာခိုင်နှုန်းကြို တင်ငွေသွင်းရသည့်စနစ်ကို ပြောင်းလဲမည်ဆိုပါက ဆုံးရှုံးမှု နည်းသွားနိုင်သော်လည်း ကုန် သည်များအကြား ဝေဖန်မှုမျိုးစုံရှိ နေသည်ဟု အသင်းတာဝန်ရှိသူ များက ဆိုသည်။
‘‘ကြိုရောင်း၊ ကြိုဝယ်ကို မလုပ်ဖို့တော့ တားပေမယ့် လုပ် နေကြတာပဲ။ အခုဒီစနစ်သာ လုပ် မယ်ဆိုရင်တော့ ကြိုရောင်း၊ ကြို ၀ယ်ကို စနစ်တကျနဲ့ လုပ်ဖို့ တရားဝင်ခွင့်ပြုလိုက်တဲ့ သဘောဖြစ် သွားမှာပါ’’ဟု အသင်းတွဲဖက်အ တွင်းရေးမှူး ဦးကျော်သွင်က ပြောသည်။ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း (ကုန်စည်ဒိုင်)တွင် ယင်းစနစ်နှင့် ပတ်သက်၍ ကုန်ဝယ်သူက ပစ္စည်း၏ ၁၀ ရာခိုင်နှုန်းကို စရန်ငွေအဖြစ်လည်းကောင်း၊ ကုန်ရောင်းသူက ကုန်ပစ္စည်းတန် ဖိုး၏ ၁၀ ရာခိုင်နှုန်းကို အာမခံငွေ အဖြစ်လည်းကောင်း ကုန်စည်ဒိုင်က သတ်မှတ်ထားသည့် ဘဏ်များရှိ သီးခြားဖွင့်လှစ်ထားသော ငွေ စာရင်းသို့ ပေးသွင်းစေကာ သတ် မှတ်ကာလ ရက်ပေါင်း ၃၀ (တစ် လအတွင်း)၀ယ်ယူက ကုန်ပစ္စည်း ဖိုး ကျန်ငွေကို ပေးချေလျက် ကုန် ရောင်းသူက ကုန်ပစ္စည်းကို ကုန် ၀ယ်ယူသူထံ လက်ဝယ်ပေးအပ်ခြင်း နည်းလမ်းဖြင့် သဘောတူစာချုပ်များချုပ်ဆိုကာ ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ရန် ခွင့်ပြုထားသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment