27.10.15

ဆရာ၊ ဆရာမများ မဲရုံမှူးလုပ်ရမည်ဖြစ်၍ ပါတီနိုင်ငံရေးလှုပ်ရှားမှုတွင်မပါဝင်ရန် ဝန်ကြီးဌာနကြေညာချက်ထုတ်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ပညာရေးဝန်ထမ်းများ ပါတီနိုင်ငံရေးလှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်မှုမရှိစေရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါညွှန်ကြားချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်  နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၀၊ အပိုဒ် (ဆ)အရ နိုင်ငံ့ဝန်ထမ်း များသည် ပါတီနိုင်ငံရေးကင်းရှင်း ရမည်ဟု အတိအလင်းပါရှိပြီးဖြစ် ၍ အခြေခံပညာဦးစီးဌာန အုပ် ချုပ်မှုအောက်ရှိ  ပညာရေးဝန် ထမ်းများသည် ပါတီနိုင်ငံရေးရာ ကိစ္စများတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်း ပါဝင်ဆောင်ရွက်ခြင်းမရှိ စေရေး ကြပ်မတ်ဆောင်ရွက်ရန်ဟု သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ပညာရေးမှူးရုံးများသို့ အောက်တိုဘာ ၂၀ ရက်စွဲဖြင့်ပေးပို့ခဲ့သည်။
‘‘မဲပေးတဲ့အခါမှာ ဆရာ၊ ဆရာမတွေက မဲရုံမှူးအဖြစ် တာ ဝန်ထမ်းဆောင်ရမယ်။ ကိုယ့်ရဲ့ တာဝန်ကို ပီပီပြင်ပြင်ထမ်းဆောင် နိုင်ဖို့အတွက် ပါတီနိုင်ငံရေးကင်း ရှင်းရမယ်လို့ ညွှန်ကြားထားတာ ပါ။ ဆရာ၊ ဆရာမကိုယ်တိုင်က ပါတီတစ်ခုခုဘက်ကို အားသာမှု ရှိခဲ့ရင် ကိုယ်တိုင်မဲရုံမှူးတာဝန် ထမ်းဆောင်တဲ့အခါမှာ အများ အမြင်မှာ  အမြင်တစ်မျိုးဖြစ် ကောင်းဖြစ်နိုင်တယ်။ အဲဒါကြောင့် အားလုံးကို ပါတီနိုင်ငံရေး ကင်းရှင်းဖို့စာထုတ်တာပါ။ အားလုံးကိုသိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းတာပါ’’ဟုအခြေခံ ပညာဦးစီးဌာနမှတာဝန်ရှိသူတစ် ဦးကပြောသည်။

 ထို့ကြောင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ သည် ခရိုင်၊  မြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား  အဆင့်ဆင့်ညွှန်ကြားကြပ်မတ်ရမည်ဖြစ်ပြီး ပညာရေးဝန်ထမ်းများအားလုံး သိရှိကြောင်း လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ယင်းညွှန်ကြား ချက်တွင်ပါရှိသည်။
‘‘ဆရာ၊ ဆရာမများပါတီ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ မယ်ဆိုပြီးတော့ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးရပါတယ်။ စာရွက်ကို လက်ဆင့်ကမ်းပြီးတော့ ပြီးခဲ့တဲ့အောက်တိုဘာ ၂၂ရက်လောက်ကကျောင်းမှာ လက်မှတ်ထိုးရတာပါ’’ဟု မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည့် ရန်ကုန်တိုင်းဒေသကြီးမှ အထက်တန်း ပြဆရာမတစ်ဦးက  ပြောကြား သည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက် တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် မဲပေးရမည့် မဲရုံစုစုပေါင်း လေးသောင်းကျော်ရှိကာ အဆိုပါ မဲရုံများတွင် မဲရုံမှူးအဖြစ် ပညာ ရေးဝန်ထမ်းဆရာ၊ ဆရာမများ နှင့် ဒေသခံအစိုးရဝန်ထမ်းများ တာဝန်ထမ်းဆောင်ကြရမည်ဖြစ် သည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment