5.10.15

မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတွင် ရေရရှိရေးအတွက် ဂျပန်က ဒေါ်လာ ၁၄ ဘီလီယံ ပေးမည်

မြန်မာနိုင်ငံတွင်း နယ်မြေသုံးခုတွင် ရေရရှိရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကို ဂျပန်အစိုးရက ပေးမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန သတင်းရင်းမြစ်က အောက်တိုဘာ ၃ ရက်က ပြောကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
အဆိုပါ စီမံကိန်းက ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများအတွက် ရေဖြန့်ဝေပေးနိုင်မည့် စီမံကိန်းဖြစ်သည်။

မကြာသေးမီက ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးပြီးဖြစ်သည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း ၄၃၁ ရွာ ရေရရှိရေးအတွက် လုပ်ဆောင်ခဲ့သည်။

Credit To >>> Mizzima News

0 comments:

Post a Comment