5.10.15

ထိုင်ဝမ်ပို့ကုန်ကဏ္ဍ စက်တင်ဘာလအတွင်း ကျဆင်း ချန်နယ်နယူးစ်အေးရှ


ထိုင်ဝမ်ပို့ကုန်ကဏ္ဍစဟာ က်တင်ဘာလအတွင်းကျဆင်းခဲ့တယ်လို့ ဘဏ္ဍာ
ရေးဝန်ကြီး Chang Sheng-ford က ဆိုပြီး စက်တင်ဘာလမှာ ကာလရှည်
ကြာကျင်းပတက်တဲ့ ဆောင်းဦးရာသီပွဲတော်နဲ့ မုန်တိုင်း သူကျန်တို့ တိုက်ခိုက်ခဲ့
လို့ ပို့ကုန်ကျဆင်းခဲ့ရတယ်လို့ ပြောပါတယ်။

သြဂုတ်လအတွင်း ပို့ကုန်ကျဆင်းပြီးနောက် ကမ္ဘာ့စီးပွားရေးအခြေအနေ ဆက်
လက်ကျဆင်းနေလို့ ထိုင်ဝမ် ပို့ကုန်ကဏ္ဍလည်း ဆက်လက်အားနည်းနေတယ်
လို့ Chang Sheng-ford ဆိုပါတယ်။

သြဂုတ်လအတွင်းကတော့ ၁၄ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စက်တင်ဘာ
လမှာတော့ ခုဂဏန်းလောက် ပဲကျဆင်းခဲ့တာပါ။

သြဂုတ်လအတွင်း ပို့ကုန်ကျဆင်းပြီးနောက် ကမ္ဘာ့စီးပွားရေးအခြေအနေ ဆက်
လက်ကျဆင်းနေလို့ ထိုင်ဝမ် ပို့ကုန်ကဏ္ဍလည်း ဆက်လက်အားနည်းနေပြီး
ရေနံဈေးလည်း ကျဆင်းခဲ့ပါတယ်။

သြဂုတ်လအတွင်း တင်ပို့မှုတွေအတွက် ဒေါ်လာ ၂၃ ဒသမ ၉၃ ဘီလီယံရရှိခဲ့
ပြီး ယမန်နှစ်ကထက် ၁၄ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့တာပါ။ အခုနှစ် ပထမ
ရှစ်လတာကာလအတွက် ထိုင်ဝမ်ပို့ကုန်ကဏ္ဍက ၈ ဒသမ ၈ ရာခိုင်နှုန်းကျ
ဆင်းခဲ့ရပြီး ဒေါ်လာ ၁၈၉ ဒသမ ၈၉ ဘီလီယံရရှိခဲ့ပါတယ်။

ပို့ကုန်ကဏ္ဍတိုးတက်လာဖို့ အလားအလာမရှိသေးပါဘူးလို့ Chang Sheng-
ford ဆိုပါတယ်။ ထိုင်ဝမ်ပို့ကုန် ကဏ္ဍက စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး
ရဲ့ ၆၀ ရာခိုင်နှုန်းရှိပါတယ်။

Credit To >>> SFJ News

0 comments:

Post a Comment