20.10.15

တရုတ်စီးပွားရေး အားနည်းမှုကြောင့် ရေနံဈေးတွေ ကျဆင်းလာ အေအက်ဖ်ပီ


တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ခြောက်နှစ်အတွင်း အနိမ့်ဆုံးအခြေအနေကို
ရောက်ရှိလာတဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာပြီးနောက် တရုတ်စီးပွားရေးကို
စိုးရိမ်မှုတွေ ပြန်လည် မြင့်တက်လာခဲ့ပြီး ရေနံဈေးနှုန်းတွေ ကလည်း အောက်
တိုဘာ ၁၉ ရက်မှာ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွက် အမေရိကန်နိုင်ငံရဲ့ West Texas Intermediate New
York Mercantile Exchange မှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၁
ဒသမ ၃၇ ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၄၅ ဒသမ ၈၉ ရှိခဲ့ပါ တယ်။ လန်
ဒန်မှာ ဒီဇင်ဘာအတွက် Brent North Sea ရေနံဈေးဟာ ၄၈ ဒသမ ၆၁ ဒေါ်
လာဖြစ်ပြီး သောကြာ နေ့ကထက် ၁ ဒသမ ၈၅ ဒေါ်လာ ကျဆင်းခဲ့တာဖြစ်
ပါတယ်။
တစ်ကမ္ဘာလုံးမှာရေနံကုန်ကြမ်းတွေ ပိုလျှံနေမှု ဖြစ်ပေါ်နေတဲ့ကြားကပင် အရင်
တစ်ပတ်က ရေနံဈေးနှုန်းတွေ က လေးရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်တဲ့ တရုတ်နိုင်ငံက ပြည်တွင်းထုတ်ကုန်
တွေ ရောင်းချရမှုမှ အမြတ် ငွေဟာ တတိယနှစ်ပတ်လည်မှာ ၆ ဒသမ ၉ ရာ
ခိုင်နှုန်းမြင့်လာတယ်လို့ ဆိုခဲ့ပေမယ့်လည်း ၂၀၀၉ ခုနှစ် ပထမနှစ်ပတ်လည်
ထက် လျော့နည်းနေသေးတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ GDP ဟာ
အဲဒီနှစ်ပတ်လည်တစ်ခုချင်းစီမှာ ၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံရဲ့ စက်မှုထုတ်ကုန် တိုးတက်မှုက စက်တင်ဘာလအတွင်း
တစ်နှစ်ချင်းစီ ၅ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းသွားတယ်လို့ ပေကျင်းက ဆိုပါတယ်။
"တရုတ်နိုင်ငံရဲ့ ဝယ်လိုအားအပေါ် စိုးရိမ်မှုတွေက မြင့်တက်လာနေပြီး လက်ရှိ
အချိန်က အားလုံး ကျဉ်းထဲကျပ် ထဲ ရောက်နေတော့ တစ်ကမ္ဘာလုံးရဲ့ ဝယ်လို
အားကလည်း လျော့နည်းလာခဲ့ပါတယ်"လို့ Price Futures Group က Phil
Flynn က ပြောကြားခဲ့ပါတယ်။
"တရုတ်နိုင်ငံရဲ့ ပစ္စည်းရောင်းအားက ကောင်းမွန်ခဲ့တယ်ဆိုပေမယ့် စက်မှုနဲ့
ပတ်သက်တဲ့ အချက်အလက်တွေကတော့ အားလျော့နေတုန်းပါပဲ၊ ဒါဟာ
ရေနံအပါအဝင် တရုတ်နိုင်ငံအတွင်းက ကုန်ပစ္စည်းအသုံးပြုမှုတွေ လျော့ကျမှု
ကို ဖော်ပြနေတာပါပဲ"လို့ စင်ကာပူရှိ Philip Futures က Daniel Ang က ဆို
ပါတယ်။

Credit To >>>  SFJ News

0 comments:

Post a Comment