20.10.15

စည်းကမ်းမဲ့လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို တွေ့ရှိပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု မြို့တော်စည်ပင် ထုတ်ပြန်

ရန် ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆောက်လုပ် ရေးလုပ်ငန်းများတွင် စည်းကမ်းမဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုများကို တွေ့ရှိပါက သက်ဆိုင်ရာလိုင်စင် ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာများအား လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းများကို စည်းကမ်းမဲ့စွာပြု လုပ်ပါကဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်ဒဏ်ကြေးများ အပြင် အနည်းဆုံးတစ်လရပ်ဆိုင်း အရေးယူသွားမည်ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ၊ အင်ဂျင်နီယာ(အဆောက်အ အုံ)မှ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့ရှိဆောက် လုပ်ရေးလုပ်ငန်းခွင် အချို့တွင်စွန့် ပစ်ပစ္စည်းများ သယ်ယူရာ၌မြေ သယ်ယာဉ်များမှ အများပြည်သူသုံး လမ်းများပေါ်တွင် ညစ်ပေမှုဖြစ်ပေါ်ပြီး စည်းကမ်းမဲ့စွာလုပ် ကိုင် နေမှုကြောင့် ပြည်သူများစိတ်အနှောင့်အယှက် ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။
''ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လိုင်စင်ကန်ထရိုက်တာနဲ့ လိုင် စင်အင်ဂျင်နီယာများက မိမိတို့ကြီး ကြပ်ဆောက်လုပ်တဲ့ ဆောက်လုပ် ရေး လုပ်ငန်းခွင်ကိုစနစ်တကျ ကြပ် မတ် ဆောင်ရွက်သွားဖို့လိုအပ်ပါ တယ်။ စည်းကမ်းမလိုက်နာမှုများ ကို စစ်ဆေးတွေ့ရှိပါကသက်ဆိုင် ရာ လိုင်စင်ကန်ထရိုက်တာ၊ လိုင်စင် အင်ဂျင်နီယာတို့ကို လိုင်စင်ပိတ် သိမ်းသည်အထိ စည်းမျဉ်းစည်းကမ်း နဲ့အညီ ထိရောက်စွာအရေးယူသွား မှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ကိုလည်း သတ်မှတ်ဒဏ်ကြေးများ အပြင် အနည်းဆုံးတစ်လရပ်ဆိုင်း အရေးယူသွားပါမယ်'' ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ(အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုအခါ ရန်ကုန်မြို့တွင် ဆောက်လုပ်လျက်ရှိသော ဆောက် လုပ်ရေး လုပ်ငန်းခွင်အချို့သည် လုပ်ငန်းခွင်မှထွက်ရှိသည့် မြေကြီး နှင့် စွန့်ပစ်ပစ္စည်းများ သယ်ယူရာ၌ မော်တော်ယာဉ်များတွင် လိုအပ် သောအဖုံးအကာများ စနစ်တကျ မဆောင်ရွက်ခြင်း၊ သတ်မှတ်ထား သည့်နေရာများတွင် မစွန့်ပစ်ဘဲ စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ မြေသယ် ယာဉ်များ၏ဘီးများအား လုပ်ငန်း ခွင်မှအထွက်တွင် ရေဖြင့်ဆေးကြော ရန် ပျက်ကွက်ခြင်းတို့ကြောင့်အများ ပြည်သူသုံးလမ်းများပေါ်တွင် အမြင် မတင့်တယ်သော ညစ်ပေမှုဖြစ်ပေါ် ၍ စည်းကမ်းမဲ့စွာဖြင့် လုပ်ငန်း များ ဆောင်ရွက်ကြသောကြောင့် ပြည်သူများအနှောင့်အယှက်ဖြစ် ပေါ်နေ ရကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ တွင် စည်းကမ်းမဲ့ ဆောင်ရွက်နေမှု များနှင့် ပတ်သက်၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက် အအုံ)ဌာနမှအများသိစေရန် ကြေ ညာချက်ကို အောက်တိုဘာ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Credit To >>>> Democracy News 

0 comments:

Post a Comment