12.10.15

ထိုင်းဆန်စက်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လေ့လာ

 ရွေးကောက်ပွဲပြီးလျှင် မြန်မာ လုပ်ငန်းရှင်များနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံရန် ထိုင်းဆန် စက်လုပ်ငန်းရှင်များ မြန်မာနိုင်ငံ သို့ လာရောက် လေ့လာနေ ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတွင် သိုလှောင် ထားသော ဆန်များရှိနေသဖြင့် စပါးအသစ်ပေါ်ချိန်၌ ဆန်ဈေး သည် စပါးဈေးနှုန်းထက်နည်းနေ သည်။ ထို့ကြောင့် ထိုင်းဆန်စက် လုပ်ငန်းရှင်များသည် အာဆီယံ ဒေသအတွင်းရှိ မြန်မာအပါအ၀င် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများ သို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လေ့ လာနေခြင်းဖြစ်ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသော ဆန်စက်ပိုင် ရှင်ဦးမျိုးသူရအေးကပြောသည်။
‘‘သူ့နိုင်ငံမှာ ဆန်ဈေးက မကောင်းတော့ စက်ကြိတ်ပြီး ရောင်းတာ တွက်ခြေမကိုက်ဘူး။ အရမ်းကို ခက်ခဲတော့ အပြင် ထွက်ပြီး လုပ်ဖို့လေ့လာကြတာ ပါ’’ဟု ဦးမျိုးသူရအေးက ပြော သည်။ ထိုင်းတွင် ယခင်အစိုးရ လက်ထက်က အာမခံဈေးနှုန်းဖြင့် လယ်သမားများထံမှ ဆန်တန်ချိန် သန်းနှင့်ချီ၍ ၀ယ်ယူသိုလှောင် ထားခဲ့သည်။ အဆိုပါ ဆန်များမှာ ယခုအချိန်ထိ ကျန်နေသဖြင့်  ဆန်ဈေးကျနေခြင်းဖြစ်သည်။
 ‘‘သူတို့နိုင်ငံမှာ မိုးခေါင် တော့ ဒီနှစ် စပါးအထွက်လျော့ မယ်။ ဈေးနှုန်းကတော့ မတက်နိုင် ဘူးလို့ ထိုင်းဆန်စက်သမားတွေ ကသုံးသပ်နေကြတယ်’’ ဟု မြန် မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးသောင်းဝင်းက ပြောသည်။
 အယ်လ်နီညို ရာသီဥတု ကြောင့် ထိုင်းတွင် မိုးရေဖြင့်စိုက် သော စပါးမှာ အထွက်နှုန်း ၁၅ရာ ခိုင်နှုန်းခန့်လျော့ကျနိုင်ပြီး ဆည် ရေဖြင့် စိုက်သောစပါးမှာ အထွက် နှုန်း ၅၀ရာခိုင်နှုန်းခန့်လျော့ကျ မည်ဟု ခန့်မှန်းထားကြောင်း ထိုင်း ဆန်စက်လုပ်ငန်းရှင်များကပြော  သည်ဟု ဦးသောင်းဝင်းကရှင်းပြ သည်။ ထိုင်းနိုင်ငံသည် အာဆီယံ နိုင်ငံများအနက် ပြည်ပသို့ ဆန်အများဆုံးတင်ပို့ရောင်းချနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံက ပင်လယ်ရေ ကြောင်းမှ ပြည်ပသို့ ဆန်ရောင်း ချရာတွင် ထိုင်းနိုင်ငံမှ ဖွင့်လှစ် သော ဆန်ဈေးအပေါ်လိုက်၍ဈေး ဖွင့်ရောင်းချလေ့ရှိသည်။ လက်ရှိ တွင် ထိုင်းနိုင်ငံ၌ ဆန်ဈေးကျဆင်းနေခြင်း၊ ပြည်တွင်းဆန်ဈေးမြင့်တက်ခြင်းတို့ကြောင့် ပင်လယ်ရေကြောင်းမှ ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုသည် ယခုနှစ်တွင် များစွာနည်းပါးနေသည်။
လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၏ဆန်အများဆုံးပို့သောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ အ များဆုံးတင်ပို့နေသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment