12.10.15

"Money Express"


 ပြည်ပနိုင်ငံများသို့သွားရောက်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် May Bank, Kasikorn Bank (K Bank), IME, SingPost, Western Union, Krung Thai Bank တို့မှတဆင့် ပြည်တွင်းရှိမိသားစုထံသို့ CB Bank ၏ Money Express ဝန်ဆောင်မှုကိုအသုံးပြု၍ သက်သာသောနှုန်းထားများဖြင့် လုံခြုံစိတ်ချချောမွေ့စွာငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

"MayBank မှ CB Bankသို့ ငွေလွှဲခြင်း"
၂၀၁၂ ဇွန် ၇ရက်မှ စတင်၍ မလေးရှားနိုင်ငံရှိ May Bank နှင့် CB Bank တို့ချိတ်ဆက်ပြီးမလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲလုပ်ငန်းကိုလုပ်ကိုင်လျှက်ရှိပါသည်။ မလေးရှားရောက် မြန်မာအလုပ်သမားများအနေဖြင့် ၄င်းတို့၏ လုပ်ခလစာများကိုစိတ်ချယုံကြည်စွာဖြင့် May Bank ဘဏ်ခွဲပေါင်း ၄၀၀ ကျော်မှ CB Bank သို့နေ့ချင်းပြီးငွေလွှဲပေးပို့နိုင်ပါသည်။ CB Bank နှင့် ချိတ်ဆက်ထားသောမြန်မာနိုင်ငံမှ ဘဏ်များသို့လည်းလွှဲပို့နိုင်ပါသည်။ Customer၏စာရင်းသို့လည်းထည့်သွင်းနိုင်ပါသည်။ CB Bank ရုံးချုပ်မှလွဲ၍ ဘဏ်ခွဲများ၌ ထုတ်လျှင်သော်လည်းကောင်းချိတ်ဆက်ဘဏ်များတွင် ထုတ်လျှင်သော်လည်းကောင်း ပြည်တွင်းငွေလွှဲခထပ်မံပေးဆောင်ရပါမည်။
ငွေလွှဲပမာဏနှင့် နှုန်းထား
• တစ်ကြိမ်လျှင် RM 100 မှ RM 10,000 အထိလွှဲနိုင်ပါသည်။
• ငွေလွှဲခမှာ RM 10,000 အထိ Flat Pay 10 RM ကောက်ခံပါမည်။
ထိုင်းနိုင်ငံရှိKasikorn Bank (K Bank) မှ CB Bank သို့ ငွေလွှဲခြင်း
ထိုင်းနိုင်ငံရှိKasikorn Bank မှ CB Bank သို့ နေ့ချင်းပြီးငွှေလွှဲပေးပို့ နိုင်ပါသည်။ ပထမဦးဆုံးတစ်ကြိမ် ငွေလွှဲမည့်သူသည် K Bank တွင် ATM Card ပြုလုပ်ထားရပါမည်။ ATM Card ပြုလုပ်ပြီးပါက ၄င်း ATM မှတစ်ဆင့် CB Bank နှင့် CB Bank ဘဏ်ခွဲများသို့ လွယ်ကူစွာငွေလွှဲနိုင်ပါသည်။ CB Bank ဘဏ်ခွဲတိုင်းတွင် တိုက်ရိုက်ထုတ်ယူနိုင်ပြီးချိတ်ဆက်ဘဏ်များတွင် ထုတ်ယူလိုပါက ပြည်တွင်းငွေလွှဲခအတိုင်းထပ်မံပေးဆောင်ရပါမည်။ တစ်ရက်လျှင် THB 100 မှ THB 100,000 အထိလွှဲနိုင်ပြီးငွေလွှဲခမှာ(ပုံသေ)THB 200 ဖြစ်ပါသည်။ CB Bank ရှိငွေစုစာအုပ်ထဲသို့လည်းတိုက်ရိုက်ထည့်သွင်းနိုင်ပါသည်။
"IME မှ CB Bank သို့ ငွေလွှဲခြင်း"
မလေးရှားနိုင်ငံရှိ International Money Express (IME) ကုမ္ပဏီ မှ CB Bank ဘဏ်ခွဲတိုင်းသို့ တိုက်ရိုက်ငွေလွှဲနိုင်ပါသည်။ နေ့ ချင်းထုတ်ယူနိုင်ပါသည်။ ချိတ်ဆက်ဘဏ်များတွင် ထုတ်ယူလိုပါက ပြည်တွင်းငွေလွှဲခထပ်မံပေးဆောင်ရပါမည်။ CB Bank ရှိငွေစုစာအုပ်ထဲသို့ လည်းတိုက်ရိုက်ထည့်သွင်းနိုင်ပါသည်။ IME ငွေလွှဲထုတ်မည့်သူသည် ထိန်းချုပ်နံပါတ် (၁၁) လုံးနှင့် ကာယကံရှင်ကိုယ်တိုင်နီးစပ်ရာ CB Bank တွင်ထုတ်ယူနိုင်ပါသည်။
ငွေလွှဲပမာဏနှင့် နှုန်းထား
• RM ( 1 မှ 3000အထိ) - ငွေလွှဲခ12 RM
• RM (3001 မှ 5000အထိ) - ငွေလွှဲခ24 RM
• RM (5001 မှ 8000အထိ ) ငွေလွှဲခ 36 RM
• RM (8001 မှ 10,000အထိ) ငွေလွှဲခ48 RM
"SingPost မှ CB Bank သို့ ငွေလွှဲခြင်း"
စင်္ကာပူနိုင်ငံရှိ Sing Post ကောင်တာများမှတစ်ဆင့် CB Bank သို့ ငွေလွှဲနိုင်ပါသည်။ ငွေလွှဲမည့်သူသည် Sing Post ကောင်တာသို့ သွား၍ ပထမဦးဆုံးတစ်ကြိမ်သာ Cash Home Card ပြုလုပ်ထားရပါမည်။ လွှဲပြီးနောက်တစ်ရက်တွင် ထုတ်ယူနိုင်ပါသည်။ CB Bank ဘဏ်ခွဲတိုင်းတွင် တိုက်ရိုက်ထုတ်ယူနိုင်ပါသည်။ တစ်ရက်လျှင် S$3,500 အထိလွှဲနိုင်ပြီးလွှဲခမှာပုံသေ Flat Pay S$8 ဖြစ်ပါသည်။ CB Bank ရှိငွေစုစာအုပ်ထဲသို့ လည်းတိုက်ရိုက်ထည့်သွင်းနိုင်ပါသည်။
"Western Union®မှ CB Bank သို့ ငွေလွှဲခြင်း"
• ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်ရှိ Western Union ကောင်တာ (၄၈၆၀၀၀) မှ CB Bank ဘဏ်ခွဲအားလုံးသို့ နေ့ ချင်းငွေလွှဲပေးပို့ နိုင်ပါသည်။
• Western Union ငွေလွှဲထုတ်မည့်သူသည် ထိန်းချုပ်နံပါတ် (၁၀)လုံးနှင့် မှတ်ပုံတင်မူရင်း၊ ငွေလွှဲပို့ သူ၏အချက်အလက်များယူဆောင်၍ ကာယကံရှင်ကိုယ်တိုင် နီးစပ်ရာ CB Bank တွင် ထုတ်ယူနိုင်ပါသည်။
• ငွေလွှဲအားနေ့ ချင်းထုတ်ယူနိုင်ပါသည်။
• ငွေလွှဲခထပ်မံပေးဆောင်ရန် မလိုပါ။
ထိုင်းနိုင်ငံရှိ Krung Thai Bank မှ CB Bank သို့ ငွေလွှဲခြင်း
ထိုင်းနိုင်ငံရှိ Krung Thai Bank မှ CB Bank သို့ နေ့ချင်းပြီးငွှေလွှဲပေးပို့ နိုင်ပါသည်။ ပထမဦးဆုံးတစ်ကြိမ် ငွေလွှဲမည့်သူသည် Krung Thai Bank တွင် ATM Card ပြုလုပ်ထားရပါမည်။ ATM Card ပြုလုပ်ပြီးပါက ၄င်း ATM မှတစ်ဆင့် CB Bank ရုံးချုပ် နှင့် ဘဏ်ခွဲများသို့ လွယ်ကူစွာငွေလွှဲနိုင်ပါသည်။ CB Bank နှင့် ချိတ်ဆက်ထားသောဘဏ်များတွင် ထုတ်ယူလိုပါက ပြည်တွင်းငွေလွှဲခအတိုင်းထပ်မံပေးဆောင်ရပါမည်။ တစ်ရက်လျှင် THB 100 မှ THB 100,000 အထိလွှဲနိုင်ပြီးငွေလွှဲခမှာပုံသေ THB 150 ဖြစ်ပါသည်။ CB Bank ရှိ Account ထဲသို့လည်းတိုက်ရိုက်ထည့်သွင်းနိုင်ပါသည်။

Credit To >>> CB Bank 

0 comments:

Post a Comment