9.10.15

ရည်မှန်းချက်က အကြမ်းဖက်ဝါဒကိုတိုက်ပြီး အိုင်အက်စ်တွေကို အနိုင်တိုက်ရေးပါ


ဒီတစ်ပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံ ပြုလုပ်စဉ် မှာ ဆီးရီးယားအရေးဟာ အဓိက အကြောင်းအရာဖြစ်လာပြီး အမေရိကန်သမ္မတအိုဘားမားကလည်း ဆီးရီးယားစစ်ပွဲကို ဖြေရှင်းဖို့အတွက် ရုရှား၊ အီရန်အပါအဝင် မည်သည့်နိုင်ငံနဲ့ မဆိုဖြေရှင်း ဖို့ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သွေးထွက်သံယိုအများကြီးဖြစ်ပြီး ဖြေရှင်းပြီးခဲ့ရင် စစ်မတိုင်မီကာလအခြေအနေကိုတော့ ပြန်မရောက်ချင်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့ကြောင့် အမေရိကန်ရဲ့ သဘောထားဟာ ဆီးရီးယားသမ္မတ အာဆတ်ရဲ့ မဟာမိတ်ဖြစ် တဲ့ ရုရှားနဲ့ ရုရှားသမ္မတ ပူတင်ရဲ့သဘောထားနဲ့ ကွာဟသွားခဲ့ပါတယ်။ ပူတင်ကတော့ ဆီးရီးယားပြဿနာကိုဖြေရှင်းဖို့ အခြေခံအကျဆုံးနည်းလမ်းကတော့ ဖျက်ဆီးခံရတဲ့ နိုင်ငံကို ပြန်တည်ထောင်ပေးဖို့ လိုအပ်ပြီး အစိုးရအဖွဲ့အစည်းတွေကို အားကောင်းအောင် ပြန်လုပ်ပေးဖို့ စီးပွားရေး၊ စစ်ရေး အထောက်အပံ့တွေပေးဖို့ လိုအပ် တယ်လို့ ဆိုပါတယ်။ ဒီတော့အမေရိကန်က ဆီးရီးယားပြဿနာ ဖြေရှင်းရေးမှာ အာဆတ်အစိုးရမရှိရေးကို ဦးတည်ပြီး ရုရှားကတော့ အာဆတ်အစိုးရကိုထောက်ပံ့ပေးရေးပြောနေကာ ဆန့်ကျင်ဘက်ဖြစ်နေပြီး အီရန်ရဲ့ အနေအထား ကတော့ ဒီအင်အားကြီးနိုင်ငံနှစ်ခုကြားမှာရော ဒေသတွင်းမှာပါ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ် လာရပါတယ်။ ဒါ့ကြောင့် စီအင်န်အင်န် သတင်းဟာ နယူးယောက်ကို ရောက်လာတဲ့ အီရန်သမ္မတ ဟာဆန်ရိုဟာနီနဲ့ တွေ့ဆုံပြီး အမေရိကန်နဲ့ နျူစာချုပ်ချုပ်ဆိုခြင်းအကြောင်း၊ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ပြောင်းလဲလာတဲ့ နည်းနာများအကြောင်း စတာတွေကို ဆွေးနွေး မေးမြန်းဖြစ်ခဲ့ပါတယ်။

ဒီအပတ်တွင်းမှာ ဆီးရီးယားအရေးက အဓိကကိစ္စဖြစ်နေပါတယ်။ အမေရိကန်ဟာ ကာလရှည်ကြာစွာပဲ ဆီးရီးယားအရေးမှာအီရန်ဟာ သူတို့နဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ကြားမှာ ဆွေးနွေးဖက်ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါဟာ အခု ပြောင်းလဲနေပါပြီလား။
အရင်က ကြေညာခဲ့ဖူးသလိုပဲ။ အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေကနျူပြသနာကို သေချာအာရုံစိုက်ခဲ့ပါတယ်။ ပြဿနာနိဂုံးချုပ်ချက်ရောက်ပြီး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ပြီးတဲ့နောက်မှာတော့ ပါဝင်နေတဲ့အဖွဲ့တွေအားလုံးရဲ့ ယုံကြည်မှုကို စမ်းသပ်တဲ့အနေနဲ့ တခြားကိစ္စရပ်တွေကိုလည်း ပြောဆိုဆွေးနွေးနိုင်ပြီဖြစ်ပါတယ်။ အခုတော့ ပူးတွဲလုပ်ဆောင်ရေးစီမံချက်ပေါ့လေ။ ကျွန်တော်တို့ ပူးတွဲလုပ်ဆောင်မှာတွေ ရှိရပါမယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ရုရှား၊ အီရန်တို့ဟာ အခုဆိုရင် ဆီးရီးယားမှာ သမ္မတအာဆတ်လည်း ဆက်ရှိနေမယ့် ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေး အပြောင်းအလဲတစ်ရပ်ကို ဆွေး နွေးနေကြပါတယ်။ သမ္မတကြီးတို့ အနေနဲ့ နိုင်ငံရေးကနေ အာဆတ်ပျောက်ကွယ်သွားမယ့် တစ်ချိန်ချိန်ကိုရော ရှုမြင်ထားတာမျိုးရှိပါသလား။
ဟုတ်ကဲ့။ ခင်ဗျားတို့လည်းမြင်မှာပါ။ ဆီးရီးယားမှာ ကျွန် တော်တို့ ပထမဆုံးရည်မှန်းချက်က အကြမ်းဖက်သမားတွေကို မောင်းထုတ်ဖို့ပါ။ သူတို့ကို အနိုင်တိုက်ထုတ်ဖို့ပါ။ ကျွန်တော်တို့မှာက အဲ့ဒီနိုင်ငံမှာ ဗဟိုအစိုးရအားကောင်းစေရေးအတွက်၊ တစ်ခုသောအာ ဏာပိုင်အဖွဲ့အဖြစ် တည်ရှိနေစေရေးအတွက် လွဲလို့ တခြားဖြေရှင်းချက်မမြင်ပါဘူး။ ဒီတော့ ဒီနေ့ကာလမှာတော့ လူတိုင်းက သမ္မတအာဆတ်ကို အာဏာဆက်ကိုင် ထားစေပြီးမှ အကြမ်းဖက်သမားတွေကို တိုက်နိုင်မယ်လို့ လူတိုင်း လက်ခံကြပြီ ထင်ပါတယ်။ ဒါပေမဲ့ ဒီလိုလှုပ်ရှားမှုက အောင်မြင်မှုအဆင့်များစွာ ရောက်လာတာနဲ့ အကြမ်းဖက်သမားတွေကိုလည်း တစ်ဆင့်ချင်း မောင်းထုတ်နိုင်မှာ ပါ။ အဲ့ဒီနောက်မှာတော့ အတိုက်အခံတွေရဲ့ အသံတွေကိုပါ ကြားနိုင်မယ့် တခြားလုပ်ရပ်တွေလည်း ရှိလာရပါမယ်။ အကြမ်းဖက်သ မား မဟုတ်ဘဲ အတိုက်အခံ နေရာမှာ ရှိနေသူတွေကတော့ စားပွဲဝိုင်းဆွေးနွေးပွဲတွေဆီလာရပါမယ်။ အစိုးရကိုယ်စားလှယ်တွေရောပါရမယ်။ ဒီနောက် ဆီးရီးယား အနာဂတ်အတွက် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရပါမယ်။
ရုရှားရဲ့ ဆီးရီးယားအရေးမှာ လုပ်ဆောင်ချက် တွေကိုရော သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဘာ့ကြောင့် သမ္မတပူတင်ဟာ စစ်ရေးအကူအညီတွေနဲ့ တိုက်လေယာဉ်တွေ၊ စစ်စခန်းသစ်တည်ဆောက်ပေးတာတွေ ဆီးရီးယားအစိုးရကို လုပ်ဆောင်ပေးနေရတာလဲ။ ဒါက အမေရိကန်ပြည်ထောင်စုကို တားဆီးချင်နေတာ မျိုးလို့ ထင်ပါသလား။ 
မစ္စတာပူတင်နဲ့ ကျွန်တော်တို့ အချိန်နည်းနည်းပဲ တွေ့ခဲ့ရပြီးသူက ဒီကိစ္စကို တော်တော်လေးအသေးစိတ်တော့ ပြောပြခဲ့ပါတယ်။ ရုရှားဟာ အကြမ်းဖက်သမားတွေကို ပိုပြီး အရေးပါတဲ့အဆင့်ရှိတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ခဲ့ပါပြီ။ ကျွန်တော်တို့ နောက်ဆုံးတွေ့ဆုံ မှုမှာ အီရန်၊ အီရတ်နဲ့ တခြားသော နိုင်ငံတွေဟာ မဟာမိတ်အဖွဲ့ တစ်ခုလုပ်ပြီး အိုင်အက်စ်နဲ့ တခြားအကြမ်းဖက်အုပ်စုတွေကို တိုက်ခိုက်ရမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအယူအဆကို ကျွန်တော်မူအား ဖြင့် သဘောတူပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူတိုင်းရဲ့ ရည်ရွယ်ချက်က အိုင်အက်စ်ကို တိုက်ခိုက်ရေးဖြစ်ပါတယ်။ ပူတင်က ဒါကို အိုဘားမားနဲ့လည်း ပြောခဲ့ပြီး အိုဘားမားက ကြိုဆိုကြောင်း ပြောပါတယ်။
အခုမေးချင်တာကတော့ အီရန်ဟာ အခုဆိုရင် သူ့ပြည်သူ နှစ်သိန်းခွဲလောက်ကို သတ်ဖြတ်ပြီးဖြစ်တဲ့ လူ ၁၀ သန်းလောက် နိုင်ငံထွက်တာ၊ ပတ်ပြေးနေရတာမျိုးဖြစ် အောင်လုပ်ခဲ့တဲ့ တစ်စုံတစ်ဦးကို ထောက်ခံပေးနေတာဟာ ဘာ့ကြောင့် အီရန်ရဲ့ အကျိုးစီးပွားဖြစ်နေရတာပါလဲ။ အာဆတ်လိုလူမျိုးကို အီရန်ကထောက်ခံနေတာဟာ ကောင်းပါရဲ့လား။ သူက လူတိုင်းကပြောသလို အိုင်အက်စ်တပ်ဖွဲ့ ပေါ်လာရေးမှာ အရင်ဦးဆုံးတာ ဝန်ရှိတဲ့သူမဟုတ်လား။
အမှန်ကတော့ ဆီးရီးယားနဲ့ ပတ်သက်လို့ တော်တော်လေးကွဲ ပြားတဲ့ ပုံကားချပ်နှစ်ခုရှိပါတယ်။ တစ်ခုက အခုခင်ဗျားရှင်းပြတာမျိုး ပါ။ အနောက်တိုင်းမှာ အမေရိကန်မှာ အသေးစိတ်ပြောနေကျ တာမျိုးပါ။ အီရန်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ အနက်ဖွင့်တာ နောက်တစ်မျိုး (ရုရှားမှာလည်း ဒီလိုမြင်နိုင်တယ်) လည်း ရှိပါသေးတယ်။ ကျွန်တော်တို့ အီရတ်နဲ့ ဆက်ဒမ် ဟူစိန်ခေတ်မှာ တိုက်နေတုန်းက ကျွန်တော်တို့နဲ့အတူ အလျင်အ မြန်ရပ်တည်ခဲ့တာက သမ္မတအာဆတ်ရဲ့ အဖေ သမ္မတဟောင်းဟာဖိဇ် အယ်လ်အာဆတ်ဖြစ်ပါ တယ်။
ဒီတော့ အဲ့ဒီအချိန်ပြန်သွားလိုက်ရင် ကျွန်တော်တို့ဟာ ဒီနိုင်ငံနဲ့ တော်တော်လေးနီးစပ်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ အာဆတ်အုပ်ချုပ်မှုမှာ ပြဿနာတချို့ရှိနိုင်ပြီး အတိုက်အခံတွေကလည်း ပိုလွတ်လပ်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးလည်း ရှာကြတာရှိမှာပါ။ ဒါပေမဲ့အမှန်တရားကတော့ ဒီနေ့မှာ အိုင်အက်စ်ရဲ့ ခြိမ်းခြောက်မှုပဲဖြစ်ပါ တယ်။ သူတို့က အရမ်းရက်စက် လွန်းပြီး ဘယ်လိုလူသားတန်ဖိုးနဲ့မှ ကျွန်တော်တို့ ယုံကြည်လို့ မရပါ ဘူး။ ဒီတော့ ဒီနေ့အခြေအနေမှာ ရည်မှန်းချက်တစ်ခုက အကြမ်းဖက်ဝါဒကိုတိုက်ပြီး အိုင်အက်စ်တွေကို အနိုင်တိုက်ရေးပါ။ ဒုတိယဦးစားပေးကတော့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ဖြစ်ရပါမယ်။

Credit To >>> 7Day News

0 comments:

Post a Comment