9.10.15

NCA လက်မှတ်မထိုးသဖြင့် အစိုးရ၏စစ်ရေးအရ ဖိအားပေးခြင်းခံနေရဟု SSPP/SSA ကြေညာချက်ထုတ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်မရေးထိုးသေးခြင်းကြောင့်  အစိုးရတပ်မတော်၏ထိုးစစ်ဆင်ကာ စစ်ရေးအရ ဖိအားပေးမှုခံနေရကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် (SS PP/SSA) က အောက်တိုဘာ ၈ ရက်တွင်  ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၅ ရက်မှစ၍ SSPP/SSA နှင့်အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)လက်အောက်ခံ တပ်မတော်စစ်ကြောင်း တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း SSPP/SSA ဌာနချုပ်အနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
 ‘‘တပ်မတော်စစ်ကြောင်း များက SSPP/SSAထိန်းချုပ်နယ် မြေအတွင်း အင်အားအလုံးအရင်း ဖြင့် ထိုးစစ်ဆင်လာခြင်းသည် SSPP/SSA မှ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးသဘောတူစာ ချုပ်(NCA)ကို လက်မှတ်မရေးထိုး နိုင်သေးခြင်းအပေါ် စစ်ရေးအရ ဖိအားပေးခြင်းသာဖြစ်သည်’’ဟု ဖော်ပြထားသည်။

SSPP/SSA သည် အောက် တိုဘာ ၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့်အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့ ကြား NCA လက်မှတ်ထိုးရက် သတ်မှတ်သည့်အစည်းအဝေးသို့ မတက်ရောက်ခဲ့ပေ။ ထို့နောက် အောက်တိုဘာ ၅ ရက်မှစ၍အစိုး ရစစ်ကြောင်းများသည် တစ်ခုနှင့် တစ်ခု ပူးပေါင်းကာ စစ်သည်အင် အား လေးရာခန့်ဖြင့် ထိုးစစ်ဆင် လာခဲ့သည်ဟု SSPP/SSA က ကြေညာသည်။ ခမရ ၅၂၀၊ ခမရ ၅၇၇ နှင့် ခလရ ၂၉၆ လက် အောက်ရှိ အစိုးရတပ်မတော်နှင့် SSPP/SSA တို့သည် SSPP ဌာနချုပ်အနီး ကျေးသီးမြို့နယ် နမ့်ပန်ချောင်းအနီးတွင် တိုက်ပွဲ ဖြစ်ပွားနေခဲ့သည်။ယင်းနောက် ရက်များတွင်လည်း တာဆမ်ပူးအ နီး နောင်ခိတ်အရှေ့မြောက် ဘက်၊ နမ့်ပန်ချောင်း အရှေ့ဘက် ခြမ်း၊ အနောက်ဘက်ခြမ်း စသည့် ဒေသများရှိ ကျေးရွာများအနီးတွင် နှစ်ဖက်ကြား တိုက်ပွဲများ ဆက် လက်ဖြစ်ပွားခဲ့သည်။ အောက် တိုဘာ ၈ ရက်တွင် SSPP/SSA ထံသို့ ရလခမှ အရာရှိတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်၍ ကျေးသီးမြို့ နယ်မှ ထွက်ခွာရန်၊ မထွက်ခွာ လျှင် SSPP/SSA ဌာနချုပ် ဝမ် ဟိုင်းသို့ တိုက်ခိုက်မည်ဖြစ်ကြောင်းပြောကြားသည်ဟု ဆိုသည်။ လတ်တလောတွင် SSPP နှင့်သာမက NCA လက်မှတ်မထိုး သေးဟုဆိုသော ကချင်လွတ် မြောက်ရေးတပ်မတော် (KIA)နှင့် အစိုးရတပ်မတော်ကြားတွင် လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိ သည်။
 NCA ကို လက်မှတ်မရေး ထိုးသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တို့အနေဖြင့် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်း ပသည့်အခါ တက်ရောက်ခွင့်ရ မည်ဖြစ်သော်လည်း ပါဝင်ဆွေး နွေးခွင့်မရှိဘဲ လေ့လာသူအဖြစ် သာ တက်ရောက်နိုင်မည်ဟု အစိုးရက ဆိုထားသည်။
‘‘အခု NCA ကို လက်မှတ်မ ထိုးသေးတဲ့အဖွဲ့တွေဟာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထဲမှာ အင်အားတောင့်တင်းတဲ့ အဖွဲ့တွေဖြစ်တယ်။ ထိုးသူတွေ ထဲမှာ KNU နဲ့ RCSS နှစ်ဖွဲ့ လောက်ပဲ အင်အားရှိတယ်။ ရှမ်း ပြည်နယ်က ‘ဝ’၊ မိုင်းလား၊ ကျွန် တော်တို့ SSPP၊ တအာင်န်း၊ ကိုး ကန့်တို့ဆိုတာ အင်အားကြီးတွေ ပဲ။ အင်အားကြီးတွေမပါရင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့လုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲဟာ အရာ ရောက်မှာ မဟုတ်ဘူး။ အသက် ဝင်မှာ မဟုတ်ပါဘူး’’ဟု SSPP/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီးစိုင်းလက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ-၃ ဟု အစိုးရက ခေါ် ဆိုသော SSPP/SSA ဌာနချုပ် သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်အခြေစိုက်သည်။ ဒုဗိုလ် ချုပ်ကြီး ပန်ဖဦးဆောင်ပြီး ရှမ်း ပြည်နယ်ရှိ နမ့်ခမ်း၊ လန်ခို၊ သီ ပေါ၊ ကျောက်မဲ၊ မိုင်းရှူး၊ တန့် ယန်း၊ မုန်းယိုင်၊ ကျေးသီး၊ လား ရှိုးမြို့နယ်များတွင် လှုပ်ရှားသည်။ နိုင်ငံတကာမြန်မာ့သတင်းဌာန (BNI)လမ်းညွှန်စာအုပ်အရ SSPP/SSA ၌ ခန့်မှန်းအင်အား လေးထောင်ကျော်ရှိသည်။
တပ်မတော်မှ မီဒီယာပြန် ကြားရေးတာဝန်ယူထားသော အရာရှိကြီးတစ်ဦးကို မေးမြန်းရန် 7Day News က အောက်တိုဘာ ၈ ရက် ညနေ ၅ နာရီတွင် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ ထို့ နောက် ည ၈ နာရီကျော်တွင် ထပ်မံဖုန်းခေါ်ဆိုရာ ဖုန်းမှာစက်ပိတ်ထားခဲ့သည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment