9.10.15

နိုင်ငံခြားသား လုပ်ငန်းရှင်များက အပြောင်းအလဲမရှိသော စည်းမျဉ်းများ ပွင့်လင်းမြင်သာစွာ သိရှိလိုကြဟု ကမ္ဘာ့ဘဏ် တာဝန်ရှိသူပြောကြား

 မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြားသားလုပ်ငန်း ရှင်များသည် အခွန်သက်သာခွင့် များထက် စီးပွားရေးနှင့်ပတ် သက်ပြီး အပြောင်းအလဲမရှိသော စည်းမျဉ်းစည်းကမ်းကို ပွင့်လင်း မြင်သာမှုရှိစွာ သိရှိနိုင်ခြင်းကိုသာ အဓိကလိုချင်နေကြသည်ဟု ကမ္ဘာ့ဘဏ်မှ စီမံခန့်ခွဲမှုအကြီး တန်းအရာရှိ မစ္စတာ Charles Schneider က ပြောသည်။

ကမ္ဘာ့ဘဏ်က နိုင်ငံတကာ လုပ်ငန်းရှင်များကို ကောက်ယူခဲ့ သော စစ်တမ်းအချို့တွင် လုပ်ငန်း ရှင်များ၏ လိုအပ်ချက်မှာ သက် ဆိုင်ရာနိုင်ငံ၏ စီးပွားရေးနှင့်ပတ် သက်သော ဥပဒေလုပ်ထုံးလုပ် နည်းများ ပွင့်လင်းမြင်သာမှု၊ ပြဋ္ဌာန်းထားသော ဥပဒေများ အပြောင်းအလဲမရှိမှု စသည်တို့ သာ အဓိကလိုအပ်ချက်၌ ဖော်ပြထားသည်ဟု ဆိုသည်။
ပြည်တွင်း၌ နိုင်ငံခြားသား လုပ်ငန်းရှင်များ လာရောက်ရင်းနှီး မြှုပ်နှံမှုပြုလုပ်ပါက ဝင်ငွေခွန် ငါးနှစ်နှင့် ရင်းနှီးမြှုပ်နှံမှု တည် ဆောက်ရေးအတွက် လိုအပ်သောကုန်ပစ္စည်းများ ပြည်ပမှ တင် သွင်းပါက ကုန်သွယ်လုပ်ငန်းခွန် များ ကင်းလွတ်ခွင့်ပြုထားသည် ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ တွင် ဖော်ပြထားသည်။
ထို့အတူ မကြာမီက ဖွင့်လှစ် လိုက်သော သီလဝါအထူးစီးပွား ရေးဇုန်အပါအဝင် မြန်မာနိုင်ငံရှိ ထပ်မံဖွင့်လှစ်မည့် အထူးစီးပွား ရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများ ကိုလည်း ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်သက်သာခွင့်များစွာ ပေးထားသည်ကို အထူးစီးပွားရေး ဇုန် ဥပဒေ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားသား လုပ်ငန်းရှင်များသည်  လက်ရှိအစိုးရ လက်ထက်၌ တိုင်းရင်းသားလုပ် ငန်းရှင်များထက် အခွင့်အရေးရရှိ မှု လျော့နည်းနေသည်ကိုလည်း Charles Schneider ထောက်ပြ ပြောကြားသည်။ နိုင်ငံခြားသားလုပ်ငန်းရှင်များကို ဥပဒေနှင့်အညီကာကွယ်မှုများ၊ အစိုးရနှင့် အငြင်း ပွားမှုများ ကြုံတွေ့ခဲ့လျှင်လည်း အခွင့်အရေး သာတူညီမျှပေး သင့်ကြောင်း ၎င်းက ဝေဖန်ပြော ကြားသည်။
‘‘ဥပမာပြောရရင် မြေယာ ပိုင်ဆိုင်ခွင့်မျိုးမှာ တိုင်းရင်းသား တွေတော့ ပိုင်ဆိုင်ခွင့်ပေးပြီး နိုင်ငံခြားသားတွေကိုတော့ ငှားရမ်းခွင့် ပဲပေးထားတယ်။ ရေရှည်မှာဆို ဒါက နိုင်ငံခြားသားတွေအတွက် ခက်ခဲစေတယ်’’ဟု Charles Schneider က ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရလက်ထက်၌ အပြောင်း အလဲများ ပြုလုပ်ခြင်းဖြစ်ပြီး တိုင်း ရင်းသားခရိုနီလုပ်ငန်းရှင်များကိုဦးစားပေးမှုများမှာ ယနေ့ချိန်ထိ အနည်းငယ်ရှိနေသေးကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။
 
 
Credit To >>> 7Day News

0 comments:

Post a Comment