29.10.15

Global Witness၏ ကျောက်စိမ်းကဏ္ဍ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် သတ္တုတွင်း ၀န်ကြီးဌာနမှ တွင်းထွက်ကဏ္ဍ ထုတ်လုပ်မှုနှင့် ၀င်ငွေများကို နိုင်ငံပိုင် မီဒီယာတွင် ပြန်လည်ဖော်ပြ

မြန်မာနိုင်ငံတွင် တစ်နှစ်ကျော်ကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ထွက်ရှိလာသော Global Witness အဖွဲ့၏ ကျောက်စိမ်း (သို့မဟုတ်) နိုင်ငံတော် လျှို့ဝှက်ချက် အစီရင်ခံစာ ထွက်ပေါ်ခဲ့ပြီးနောက် အစိုးရ၏ သတ္တုတွင်း ၀န်ကြီးဌာနမှ တွင်းထွက်ကဏ္ဍ ထုတ်လုပ်မှုနှင့် ၀င်ငွေများကို နိုင်ငံပိုင် မီဒီယာတွင် ပြန်လည်ဖော်ပြခဲ့သည်။
Global Witness၏ အစီရင်ခံတွင် ဖော်ပြထားမှုအရ ယခင် စစ်အစိုးရ အာဏာရှင်များနှင့် မိသားစုဝင်များ၊ နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်များ၊ မူးယစ်ရာဇာများ ကျောက်စိမ်းကဏ္ဍတွင် ပါဝင်ပတ်သက်မှုများ ရှိနေပြီး ယင်းမှ ၀င်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသည်ဟု အောက်တိုဘာလ ၂၃ ရက် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့သည်။
ယင်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် ဂယက်ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး အစီရင်ခံစာ၏ ကိန်းဂဏန်း အချက်အလက်များမှ မှန်ကန်မှု ရှိမရှိကိုလည်း ဂယက်ရိုက်ခတ်မှုများ ရှိခဲ့သည်ဟု သိရသည်။
သတ္တုတွင်း ၀န်ကြီးဌာန၏  ဖော်ပြထားမှုတွင် ကျောက်စိမ်း ထုတ်လုပ်မှု လျာထားချက် ကီလိုထောင်ပေါင်း ၁၇၅၃၄၅ ကီလိုတွင် အမှန်ထုတ်လုပ်နိုင်မှု ကီလိုထောင်ပေါင်း ၁၀၆၅၀၁ကီလို ထုတ်လုပ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ပြည်ပပို့ကုန် တင်ပို့ရောင်းချမှု အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလ အထိ ကာလအတွင်း သတ္တု၊ ကျောက်မျက်၊ ကျောက်စိမ်းနှင့် ပုလဲထုတ်လုပ်မှု ကဏ္ဍများမှ ကျပ်သန်းပေါင်း ၃၇၆၀၉၃၄ ဒသမ ၂၂သန်း တန်ဖိုးရှိ ပစ္စည်းများ တင်ပို့ ရောင်းချနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
သတ္တုတွင်း ၀န်ကြီးဌာန၏ ဦးစီးဌာနနှင့် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုမှ ၀င်ငွေရရှိမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၌ လျာထားချက် ကျပ်သန်းပေါင်း ၆၂၄၃၅ ဒသမ ၅၈သန်းတွင် ရရှိငွေမှာ ကျပ်သန်းပေါင်း ၈၆၆၀၆ ဒသမ ၅၇သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ လျာထားချက် ကျပ်သန်းပေါင်း ၂၆၃၈၆၈ ဒသမ ၇၀သန်းတွင် ရရှိငွေမှာ ကျပ်သန်းပေါင်း ၂၈၄၃၆၃ ဒသမ ၅၈ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၌ လျာထားချက် ကျပ်သန်းပေါင်း ၃၀၅၂၅၂ ဒသမ ၅၀သန်းတွင် ရရှိငွေမှာ ကျပ်သန်းပေါင်း ၃၆၁၆၈၅ ဒသမ ၅၇ သန်း ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လျာထားချက် ကျပ်သန်းပေါင်း ၃၁၀၂၄၉ ဒသမ ၂၁သန်းတွင် ရရှိငွေမှာ ကျပ်သန်းပေါင်း ၃၇၁၁၂၁ ဒသမ ၆၉သန်း ဖြစ်ပြီး လေးနှစ်တာ ကာလအတွင်း စုစုပေါင်းဝင်ငွေ လျာထားချက်မှာ ကျပ်သန်းပေါင်း ၉၄၁၈၀၅ ဒသမ ၉၉ သန်းတွင် ရရှိငွေမှာ ကျပ်သန်းပေါင်း ၁၁၀၃၇၇၇ ဒသမ ၄၁သန်း ဖြစ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန၏ ဖော်ပြထားမှုအရ သိရသည်။ ယင်းဖော်ပြထားမှုအရ အစိုးရမှ ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများသည် Global Witness ၏ အစီရင်ခံပါ အချက်အလက်များနှင့် ကွဲလွဲမှုများ ရှိနေသည့်အတွက် ကျောက်မျက်ကဏ္ဍမှ ၀င်ငွေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် စစ်ဆေးရန် အကြောင်းတရာများ ပေါ်ပေါက်လာကြောင်း သိရသည်။

Credit To >>> Tomorrow News 

0 comments:

Post a Comment