29.10.15

အောက်တိုဘာလကုန်တွင် အပြီးချုပ်ရမည့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်အတွက် ရက်ထပ်မံတိုးဖွယ်မရှိဟုဆို

 အလုပ်ရှင်၊ အလုပ်သ မား အလုပ်ခန့်ထားမှုဆိုင်ရာ သ ဘောတူစာချုပ် ချုပ်ဆိုရန် အချိန် နောက်တစ်လ ထပ်တိုးပေးတော့ မည် မဟုတ်ကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါစာချုပ်ကို အောက် တိုဘာလကုန်အပြီး ချုပ်ဆိုရန် စက်ရုံ၊ အလုပ်ရုံများသို့ ညွှန်ကြား ထားသော်လည်း အနည်းစုသာ ချုပ်ဆိုနိုင်ခြင်းကြောင့် အချိန်မီပြီးစီးရန် တွန်းအားပေးမည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘၀န်ကြီးကလည်း နောက် တစ်လ ထပ်မပေးတော့ဘူးဆိုပြီး ပြောထားတာရှိတယ်။ အမြန်ဆုံး ချုပ်ဆိုနိုင်ဖို့ စက်ရုံ၊ အလုပ်ရုံတွေ ကို ဆော်သြသွားမှာပါ’’ဟု ၎င်းကပြောသည်။
စက်ရုံ၊ အလုပ်ရုံများကို အောက်တိုဘာလကုန်ပြီးနောက် စာချုပ်ချုပ်ဆိုခြင်း ရှိ၊ မရှိ သက် ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ များက ဖော်ထုတ်မည်ဖြစ်ပြီး တွေ့ရှိပါက ကနဦးအနေဖြင့် စာချုပ် ချုပ်ဆိုရန် အနီးကပ်တွန်းအားပေး ကာ လိုက်နာမှုမရှိပါက ဥပဒေ ကြောင်းအရ အရေးယူသည်အ ထိ ပြုလုပ်သွားရန်ရှိသည်ဟု ဆို သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သ ဘောတူစာချုပ်ချုပ်ဆိုရန် အလုပ် သမားများရပိုင်ခွင့် တောင်းဆို ချက်နှင့် အလုပ်ရှင်က ပေးနိုင်သည့် အခွင့်အလမ်းများညှိနှိုင်းရာတွင် မပြေလည်မှုများရှိနေခြင်း ကြောင့် အပြီးသတ်စာချုပ်ချုပ်ဆို ရန် ကြန့်ကြာမှုများရှိနေခြင်းဖြစ် သည်။
အဆိုပါစာချုပ်မှာ အလုပ် ရှင်၊ အလုပ်သမား တစ်ဦးချင်းစီ ချုပ်ဆိုရမည်ဖြစ်ပြီး အလုပ်ရှင်အ များစုက စာချုပ်တစ်ခုတည်းပေါ် တွင် အလုပ်သမားများ စုပေါင်း လက်မှတ်ရေးထိုး၍ စာချုပ်ချုပ် ဆိုစေမည့်ပုံစံပြုလုပ်ရန် ဆန္ဒရှိနေ ၍ ညှိနှိုင်းချိန်ကြာမြင့်နေခြင်းဖြစ်သည်ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကပြောသည်။
‘‘ဒီစာချုပ်နဲ့ပတ်သက်လို့ အ သိပညာပေးမှုတွေ၊ ညှိနှိုင်းမှုတွေ ထပ်ပြီးလုပ်ဖို့လိုသေးတာကြောင့် အရေးယူမှုတွေ အလျင်စလိုလုပ် ဖို့တော့ မသင့်သေးဘူးလို့ယူဆ တယ်’’ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းက မှတ်ချက်ပြု သည်။
 အလုပ်သမားတစ်ဦး၏ တစ်ရက်အနည်းဆုံး လုပ်အားခ ၃,၆၀၀ ကျပ် သတ်မှတ်လိုက်ပြီးနောက် စက်ရုံအလုပ်ရုံအချို့ သည် ယခင်က အလုပ်သမားများရရှိခဲ့သည့်  ထမင်းစရိတ်၊ အပိုဆုကြေး၊ ရက်မှန်ကြေးများကို ဖြုတ်ချလိုက်သဖြင့် အောက်တိုဘာလ ဆန်းမှစ၍  အလုပ်ရှင်နှင့် အလုပ်သမားကြား မကျေလည်မှုများရှိ ခဲ့ကာ အချို့စက်ရုံများ၌ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ သည်။
အလုပ်ရှင်အနေဖြင့် အလုပ် သမားအား အလုပ်ခန့်ထားပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုသွားရမည်ဟု အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ သတ်မှတ်ကာလအတွင်း စာချုပ်ချုပ်ဆိုရန်ပျက်ကွက်ပါက ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ယင်းဥပဒေ၌ ဖော်ပြထားသည်။
ထို့အပြင် စာချုပ်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ပါက သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည် ဟု ဆက်လက်ပါရှိသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment