7.10.15

ရွှေကြွေးကျန်ရှိသည့် ကုမ္ပဏီများ တရားရင်ဆိုင်မည်ဟုဆို

 ရွှေကြွေးကျန်ပေးသွင်း ရန် ပျက်ကွက်သည်ဟုဆိုကာ  တရားစွဲဆိုခံရမည့် ကုမ္ပဏီများ သည် ၎င်းတို့ဘက်မှ မှန်ကန်သဖြင့်တရားဥပဒေအရ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များက ပြောသည်။
အောက်တိုဘာ ၅ ရက်က နိုင်ငံပိုင် သတင်းစာများမှတစ် ဆင့် ရွှေကြွေးကျန်ပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ ၆၃ ခုကို ဆက်လက်ပြီး တရားစွဲဆိုသွား မည်ဖြစ်ကြောင်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက ထုတ်ပြန်ပြီး နောက် ယခုကဲ့သို့လုပ်ငန်းရှင်များက ပြန်လည်ဖြေရှင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ကို ကြွေးကျန်လို့ သုံးနှုန်းတာ မကြိုက်ဘူး။ လျှော့နည်းရွှေမသွင်းတာလို့ သတ်မှတ်စေချင်တယ်။ ပြီးတော့ ဒီကိစ္စတွေက အရင်ဝန်ကြီးလက်ထက်မှာ ရှင်းပြီးသား၊ ဒဏ်ကြေးတွေလည်း ဆောင်ပြီးသား၊ ဒါ့ကြောင့် တရားဥပဒေအရ ဆက်လက်ရင်ဆိုင်သွားမယ်’’ဟု မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး ဦးတင်ရွှေက ပြောသည်။
ထို့ကြောင့် လက်ရှိတရားစွဲ ဆိုခံထားရသည့် ကုမ္ပဏီအများစု သည် ကျွမ်းကျင်ရှေ့နေများဖြင့် တိုင်ပင်ပြီး အမှန်အတိုင်းပေါ် ပေါက်စေရန် တရားဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း Geo Live သတ္တုတူးဖော်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်ကလေးက ဆိုသည်။
လက်ရှိတွင် သတ္တုတွင်းဝန် ကြီးဌာနမှ အံ့ဖွယ်ကမ္ဘာ၊ ခုနစ်ခု သော ရာစုနှစ်ကုမ္ပဏီနှင့် အောင် စစ်သွေးကုမ္ပဏီတို့ကို စတင် တရားစွဲဆိုထားပြီး ကျန်ရှိသည့် ကုမ္ပဏီ ၆၃ ခုအား တရားစွဲဆိုရန် ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်းစာများ၌ ဖော်ပြထား သည်။
‘‘ဒါက တတိယအကြိမ်ပါ။ ကုမ္ပဏီ ၆၃ ခုပေါ့။ ကျန်သေး တယ်။ နောက်ထပ်ကုမ္ပဏီ ၁၀၀ နီးပါးလောက် ထပ်ပြီး ကြေညာ ဖို့ရှိသေးတယ်’’ဟု အမှတ် (၂) သတ္တုတွင်းလုပ်ငန်း  နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရွှေကြွေးကျန်ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများကို တတ်နိုင်သလောက် အကြောင်း ကြားခြင်း၊ သတိပေးခြင်းများ ပြု လုပ်ခဲ့သော်လည်း နောက်ဆုံးတွင်ကုမ္ပဏီများဘက်မှ အကြောင်း ပြန်ကြားခြင်းမရှိသဖြင့် ယခုကဲ့သို့ တရားစွဲဆိုရသည့် အဆင့်အထိ ဖြစ်လာရကြောင်း ၎င်းကဆို သည်။
‘‘တချို့က သွင်းပါမယ်။ တရားမစွဲဘဲနဲ့ ခဏဆိုင်းထားပေး ပါဆိုလို့ ဆိုင်းထားပေးထားတဲ့ ကုမ္ပဏီတွေလည်းရှိတယ်။ တစ် လအတွင်း လာဆက်သွယ်တာ မရှိရင်တော့ တရားစွဲသွားမှာဖြစ် ပါတယ်’’ဟု အထက်ပါတာဝန်ရှိ သူက ဆိုသည်။
ရွှေကြွေးကျန်ပေးသွင်းရန် သတိပေးခြင်းခံရသည့် ရွှေတူး ဖော်ရေးကုမ္ပဏီအများစုသည် လက်ရှိအချိန်တွင် လုပ်ငန်းလုပ် ကိုင်ခြင်းမရှိတော့သည့် ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း လုပ် ငန်းရှင်များက ဆိုသည်။
ရွှေထွက်ရှိမှုနည်းပါးလာ သောကြောင့် ရွှေတူးဖော်ရေး ကုမ္ပဏီအချို့ အစိုးရသို့ နှစ်စဉ် ပေးသွင်းရမည့် ရွှေကို ဈေးကွက် အတွင်းမှ ပြန်လည်ဝယ်ယူ၍ ပေး သွင်းနေရကြောင်း လုပ်ငန်းရှင် များက ပြောသည်။
အချို့ကုမ္ပဏီအများစုသည် ရွှေကို အစိုးရသို့ နှစ်စဉ်ပေးသွင်း ရန် တစ်နှစ်ထက် တစ်နှစ်အခက် အခဲဖြစ်ပေါ်နေပြီး ကုမ္ပဏီ၏ သိက္ခာနှင့် နာမည်မကျဆင်းစေ ရန် မဖြစ်ဖြစ်သည့်နည်းဖြင့် ရွှေကို ပေးသွင်းနေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သတ္တုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ဆိုသည်။
အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားသည့်စနစ်များဖြင့် အသေး စားလုပ်ကွက်များ တူးဖော်ရာ တွင် နှစ်စဉ်အစိုးရသို့ ရွှေစင် ၂၄ ကျပ်သားပေးဆောင်ရန် သတ် မှတ်ထားသည်။
 
 
Credit To  >>> 7Day News 

0 comments:

Post a Comment