8.10.15

ပြည်တွင်းလုပ်ငန်းရှင်များအတွက် မြန်မာကျပ်ငွေဖြင့်ရောင်းချမည့် ကျောက်မျက်ပြပွဲကျင်းပမည်


 ပြည်တွင်းကျောက်မျက် ရတနာလုပ်ငန်းရှင်များအတွက် ကျောက်မျက်ရိုင်းနှင့်ကျောက် စိမ်းအသားကျောက်များ မြန်မာ ကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာကျောက် စိမ်းခန်းမတွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်ဖြစ် ကြောင်း သတ္တုတွင်းဝန်ကြီး ဌာန၊ မြန်မာ့ကျောက်မျက်ရတ နာပြပွဲဗဟိုကော်မတီမှ သတင်း ရရှိသည်။

ပြပွဲသို့ နိုင်ငံသားကျောက် မျက်ရတနာလုပ်ငန်းရှင်များ တက်ရောက်ဝယ်ယူခွင့်ပြုမည် ဖြစ်ပြီး သတ်မှတ်ထားသည့်အာမ ခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်ကြောင်း မြန် မာ့ကျောက်မျက်ရတနာပြပွဲဗဟို ကော်မတီက စည်းကမ်းသတ်မှတ်  ထားသည်။
ယခုနှစ်ကျောက်မျက်ပြပွဲ တွင် အဆင့်နိမ့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲပေါင်း ၇,၀၀၀ ခန့် တင်ပြရောင်းချဖွယ်ရှိသည်ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးမြင့်ဟန်က ပြောသည်။
ပြပွဲစည်းကမ်းကို ထူးထူးခြားခြားပြောင်းလဲထားခြင်းမရှိဘဲ ယခင်နှစ်များတွင် ကျင်းပခဲ့သည့် ပြပွဲများအတိုင်း ဝင်ကြေးငွေ ကျပ် ငါးသောင်းပေးသွင်းရမည်ဖြစ်ပြီး ဝယ်ယူမည့်ကျောက်မျက်တန် ဖိုး၏ ၅ ရာခိုင်နှုန်းကို စပေါ်ငွေအ ဖြစ် ကြိုတင်ပေးသွင်းထားရမည် ဟု ဦးမြင့်ဟန်ကဆိုသည်။
လက်ရှိအခြေအနေအရ ပြည်တွင်းကျောက်မျက်ဈေး ကွက် အရောင်းအဝယ်အေးနေ ကြောင်း မန္တလေးမြို့ခံကျောက် မျက်ကုန်သည်များက ပြောသည်။ကျပ်ငွေဖြင့် ရောင်းချမည့် အဆင့်နိမ့်အသားကျောက်ပြပွဲဖြစ်သော် လည်း ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအပြီး ကျင်းပခြင်း ကြောင့် ပြပွဲအပြီးတွင် ကျောက် မျက်အရောင်းအဝယ်လုပ်ငန်း များ ပိုမိုကောင်းမွန်လာရန် မန္တ လေးမြို့ခံကျောက် မျက်ကုန်သည် များက မျှော်လင့်သည်။
သတ္တုတွင်းဝန်ကြီးဌာနအ နေဖြင့် ကျောက်စိမ်း၊ ကျောက် မျက်ရောင်းချပွဲများကို တစ်နှစ် လျှင် နှစ်ကြိမ်ခန့် ကျင်းပပြီး နိုင်ငံ တကာကျောက်မျက်ကုန်သည် များ    တက်ရောက်ဝယ်ယူခွင့် ပြုသည့် ယူရိုငွေဖြင့် ရောင်းချ သည့် ကျောက်မျက်ပြပွဲနှင့် ပြည် တွင်း နိုင်ငံသား ကျောက်မျက် ကုန်သည်များသာ တက် ရောက် ဝယ်ယူခွင့်ပြုသည့် ကျပ်ငွေဖြင့် ရောင်းချသည့်      အဆင့်နိမ့် အသားကျောက်ရောင်းချပွဲဟူ၍ ခွဲခြားကျင်းပခြင်းဖြစ်သည်။
ယခုကျင်းပမည့်ကျောက် မျက်ပြပွဲမှာ ၂၀၁၅ အတွင်း ဒုတိယ အကြိမ် ကျင်းပခြင်းဖြစ်ပြီး အရည် အသွေးကောင်းသည့်ကျောက် မျက်များ မပါဝင်ဘဲ C ၊ D အဆင့် အသားကျောက်များကို နိုင်ငံ သားလုပ်ငန်းရှင်များအား ကျပ်ငွေ ဖြင့် ရောင်းချခြင်းဖြစ်သည်။
 
 
Credit To >>> 7Day News

0 comments:

Post a Comment